ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၃၈၆ဝဝဝ ၄ဝ၅ဝဝဝ၂ မန္တလေး ၁ ပိဿာ ၅၈၃ ၆၁၇၃ မုံရွာ ၁ ပိဿာ ၅၉ဝ ၆ဝဝ၄ ပြည် ၁ ပိဿာ ၆ဝဝ ၆ဝဝ၅ ပခုက္ကူ ၁ ပိဿာ ၅၉ဝ ၆ဝဝ၆ မြင်းခြံ ၁ ပိဿာ ၅၈ဝ ၅၈၅၇ အောင်လံ ၁ ပိဿာ ၅၉ဝ ၆ဝဝ၈ မကွေး ၁ ပိဿာ ၅၈၅ ၆၁ဝပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် အဝယ်ပြန်လိုက်၍ ဈေးမြင့်လာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ(RC)ကို ဈေး ကွက်စဖွင့်ချိန်မှာ အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၃၆၅ဝဝဝ ကျပ်နဲ့အဝယ်ရှိရာက နောက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာတဲ့အပေါ် ဈေး ပေးအဝယ်ရှိ တာကြောင့် သြဂုတ် ၂၄ရက်မှာ ၃၇၉ဝဝဝ ကျပ်သို့ ဈေးမြင့်ခဲ့ပြီး ၂၅ရက်မှာတော့ ၄ဝ၅ဝဝဝ ကျပ်အထိ ထပ်မံဈေးမြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ပတ်အတွင်း တန် ၁၄၉၅ ခန့်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်လာဈေး မြင့်တက်လာလို့ ပြည်တွင်းရှိတဲ့ လှောင်လက်တွေ ပြည်ပအဝယ်လိုက်နေချိန်မှာ ထုတ်ရောင်းမှုတွေ များလာကြောင်း ပဲကုန်သည်အချို့က ဆိုပါတယ်။ မန္တလေးဈေး ကွက်တွင် အစောပိုင်းရက်တွေမှာ ပဲစင်းငုံအရောင်းအဝယ်အေးနေ ရာက နောက်ပိုင်းမှာ ရန်ကုန်အဆွဲများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို အမြင့်ဆုံး ၆၁၇ ကျပ် (တစ်တန်ကို ၃၇၇၈၄၄ ကျပ်)မှ အနိမ့်ဆုံး ၅၇၅ ကျပ်(တစ်တန်ကို ၃၅၂၁၂၄ ကျပ်)အတွင်း နေ့စဉ်အိတ် ၅ဝဝမှ ၁၃ဝဝအတွင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည် ဈေးကွက်မှာ ပဲစင်းငုံက ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဈေးကွက်မှာ ပစ္စည်းလက်ကျန်က များနေပြီး ရန်ကုန်အဆွဲကလည်း ဒေါ်လာဈေး လှုပ်နေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိလို့ အရောင်းအဝယ် ထင် သလောက် မဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုကုက္ကူ္ကူဈေးကွကွက်မ် ှာတော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲခပ်ပါးပါးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြားသာရှိခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ဒီတစ် ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဒေါ်လာဈေး အတက်အကျ ပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိနေသလို ငွေပြန်ပေါ် လိုသူများက လည်း ထုတ်ရောင်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
Background