ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၄၅ ၂၅၅၂ လားရှိုး ၁ ပိဿာ ၂၈ဝ ၂၇၅၃ မူဆယ် ၁ တန် ၂ဝ၈၆၄၈ ၁၉၉ဝ၄၅၄ မန္တလေး ၁ ပိဿာ ၂၇၈ ၂၇၈၅ မြင်းခြံ ၁ ပိဿာ ၂၆၅ ၂၆ဝ၆ ဟင်္သာတ ၁ ပိဿာ ၂၅ဝ ၂၅ဝ၇ ရေစကြို ၁ ပိဿာ ၂၅ဝ ၂၄ဝပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းကိုရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များပါ ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၂၅၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၅ဝဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် တောင်ကြီးဈေးကွက်သို့ ပြောင်းသစ်တွေဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၁၅ဝ ကျပ်နဲ့ စတင်အရောင်းရှိနေပေမယ့် အစိုဓာတ် ရှိသေးတာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ ဒေသခံပြောင်းကုန်သည် အချို့က ဆိုပါတယ်။လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်က တစ်ပိဿာ ကို ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၄ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါ တယ်။ ဒေသခံ လှောင်လက်ကုန်သည်များထံမှာ ပြောင်းလက်ကျန် နည်းသွားပေမယ့် ယခုရက်ပိုင်းဈေးကွက်ထဲသို့ ပြောင်းသစ်များ စတင် ဝင်ရောက်နေပြီလို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိနေပေမယ့် ယခင်အပတ်နဲ့စာ ရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၇၈ ကျပ်နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background