ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈၉၈ ၈၉၈၂ မကွေး ၁ ပိဿာ ၈၆၅ ၈၅၅၃ ပခုက္ကူ ၁ ပိဿာ ၈၆၈ ၈၄ဝ၄ မုံရွာ ၁ ပိဿာ ၈၁၆ ၈၁၆၅ အောင်လံ ၁ ပိဿာ ၈၇၅ ၈၅ဝ၆ မြင်းခြံ ၁ ပိဿာ ၈၆၅ ၈၇၅၇ ရေစကြို ၁ ပိဿာ ၈၆ဝ ၈၆ဝ၈ ပြည် ၁ ပိဿာ ၈၈၅ ၈၃ဝထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ အဝယ်နည်းလို့ ဈေးဆင်းလာ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ဒေသတွင်းပဲခွဲစက်တွေ အဝယ်နည်းလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈ဝ ကျပ် (တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာရှိ ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲ စက်တွေက ဝယ်အားပုံမှန်ထက်စာရင် နည်းသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ဒေသခံပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်လုပ်ငန်းရှင်များက အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက်များကလည်း ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်း အဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၄ဝ ကျပ်(တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ်၅ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကွက်မှာတော့ ကုလားပဲကို မြို့ခံခွဲစက်တွေသာမက အမှုန့်ကြိတ်စက်သမားတွေပါ ဝယ်အားအထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေနဲ့အမှုန့်ကြိတ် စက်တွေက အဆွဲအသင့်အတင့်ရှိခဲ့သလို ငွေပြန်ပေါ်လိုသောကုန် သည်အချို့ကလည်း အရောင်းရှိနေတာကြောင့် တစ်ပိဿာကို ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background