ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၈၉ ၉၂၁ ၂ မန္တလေး ၁ ပိဿာ ၇၁၁ ၈၈၉ ၃ ပြည် ၁ ပိဿာ ၇၄ဝ ၆၅ဝ ၄ အောင်လံ ၁ ပိဿာ ၆၅ဝ ၈ဝဝ ၅ မကွေး ၁ ပိဿာ ၆၃ဝ ၆၇၅ ပဲတီစိမ်း(အညာ) ကို အရည်အသွေးပေါ်မူတည်ပြီး တရုတ်ဈေးပေး အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(အညာ)ကို တရုတ် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတာ ကြောင့် မန်းဈေးကွက်သို့ ပဲတီစိမ်းတွေ တစိမ့်စိမ့်ဝင်လာနေတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းတဲ့အစကို တရုတ်အ ဆွဲများပြီး အရည်အသွေးအသင့်အတင့်ရှိတဲ့အစကို ပဲခွဲစက်တွေ အဆွဲ ရှိနေတယ်လို့ဆိုပါတယ်။ ''ပဲတီစိမ်းက ယခင်အပတ်နဲ့စာရင် ဈေးစွာလာ သလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာတယ်''လို့ မြို့ခံ ပဲကုန်သည်အချို့ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲတီ စိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်ပါးနေသလို လက်ကျန်ပဲတွေရဲ့ အရည် အသွေးကလည်း ကျဆင်းလာတာကြောင့် ဝယ်လက်တွေ ဈေးချ အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားသာဖြစ်ခဲ့တယ်လို့သိရပါတယ်။မုံရွာဈေးကွက် မှာ ပဲတီစိမ်းကို မန္တလေးအဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၂၁ကျပ် (တစ်တန်ကို ၅၆၄ဝ၁၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။ ''ဒီတစ်ပတ်ပဲအရောင်းသွက်နေတာက တရုတ်အဆွဲများလာလို့ အခု လိုဈေးတွေမြောက်လာပြီး အရောင်းအဝယ်ဖြစ်မှုများလာရတယ်'' လို့ မြို့ခံကုန်သည်တချို့က ဆိုပါတယ်။
Background