Main menu

Background

ပြောင်းတင်သွင်းမှုလေ့လာဖို့ တရုတ်အရာရှိများ တောင်အာဖရိကကို သွားရောက်

Tue, 08/30/2011 - 09:55 -- Anonymous (not verified)

ပြောင်းတင်သွင်းမှုလေ့လာဖို့ တရုတ်အရာရှိများ တောင်အာဖရိကကို သွားရောက်                 ပြောင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံက ပြောင်းဝယ်ယူရေးစုံစမ်းဖို့ တရုတ် အရာရှိများဟာ တောင်အာဖရိကကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။ တင်သွင်းဖို့ မစဉ်းစားမီ ပိုးကျရောက်မှုအန္တရာယ်ကိုလေ့လာဖို့ လွန်ခဲ့တဲ့လက ရောက်ရှိခဲ့ တယ်လို့ တောင်အာဖရိကအခြေစိုက် ကောက်ပဲသီးနံှအဖွဲ့မှ စီးပွားရေးပညာရှင် Barrett Schoemar  က ပြောကြားပါတယ်။                        ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ မြင့်တက်နေ တဲ့ပြည်တွင်းဝယ်လိုအား ကို ပြည့်မီ ဖို့ ၂ဝ၁၁-၁၂ ဈေးကွက်ရာသီအတွင်း ပြောင်းအဝါ တန် ၂ သန်းခန့် တင်သွင်းဖို့ လိုအပ်နိုင်တယ်လို့ Schoeman ကဆိုပါတယ်။ ဈေးကွက်သစ်များ ပိုမိုရရှိဖို့ တောင်သူတွေကို တွန်းအာပေးလျက်ရှိပါတယ်။ ယခင် နှစ်က တရုတ်၊ အီဂျစ်နဲ့ တူနီးရှားတို့ကို တင်ပို့ဖို့ကြိုးစားခဲ့တယ်လို့ တောင်အာဖရိက စိုက်ပိုျးရေးဝန်ကြီး Tina Joemat-Petterson  ကဆိုပါတယ်။                           ယခုရာသီမှာ တောင်အာဖရိက ပြောင်းအဖြူနဲ့အဝါ တန် ၂ သန်းခန့် တင်ပို့ နိုင်မယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၉ ရက်နေ့အထိ လွန်ခဲ့တဲ့ရာသီအတွင်း တန်ချိန် ၂ ဒသမ ဝ၇ သန်းကျော် ရောင်းချခဲ့ပြီး၊ ဝယ်လက်များ ကတော့ ဂျပန်၊ စပိန်၊ အီတလီ၊တရုတ်(တိုင်ပေ)နဲ့ဆိုမာလီယာတို့ဖြစ်ပါတယ်။အဓိကထုတ်လုပ်တဲ့ ပြောင်းဖြူကို လူအများစားသုံးပြီး၊ ပြောင်းဝါတန်ချိန် ၁ ဒသမ ဝ၂ သန်းကို တင်ပို့ခဲ့တယ် လို့သိရပါတယ်။                        တရုတ်နိုင်ငံအနေနဲ့ ထုတ်လုပ်မှုထက် ဝယ်လိုအားက မြန်ဆန်စွာတိုးတက်နေ တာကြောင့် ၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုဟာ နှစ်စဉ်တန်ချိန် ၁ဝ သန်းကျော်ထိ ကြီးထွားနိုင်တယ်လို့ တောင်တရုတ်ကောက်ပဲ သီးနံှကုန် သွယ်ရေး စင်တာမှ သုတေသနပညာရှင် Zheng Wenhui က ပြောကြားပါတယ်။ သြဂုတ် ၁၉ ရက် ဂျိုဟန်နက်စ်ဘတ် ရဲ့ တောင်အာဖရိက ကြိုပွိုင့်ဈေးကွက်မှာ ဒီဇင်ဘာလ ပို့ရမယ့် ပြောင်းဖြူဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၅ ဒသမ ၇၇ ရှိခဲ့လို့ ယခင်နှစ်ဈေးထက် နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ပို့ရမယ့် ပြောင်းဝါဈေးကလည်း လွန်ခဲ့တဲ့ ၁၂ လထက် ၆၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၃ဝ၁ ဈေးနဲ့ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: Bloomberg News