Main menu

Background

မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁ဝဝ သို့ ဆိုလာမီး တပ်ဆင်ပေးမည်

Tue, 08/30/2011 - 09:59 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁ဝဝ သို့ ဆိုလာမီး တပ်ဆင်ပေးမည်                မန္တလေးတိုင်းဒေသကြီး ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေး ရွာ ၁ဝဝ သို့ ဆိုလာမီး တပ်ဆင်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ် နှင့် စက်မှုရေးရာဝန်ကြီး ဒေါက်တာ မြင့်ကြူမှ ''မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျေးလက်မှာ ဆိုလာ မီးလင်းဖို့ဆောင်ရွက်နေတယ်။ ညမီး လာရင် အိမ်တွင်းမှုလုပ်ငန်း လုပ်နိုင် တော့ စီးပွားရေးတိုးတက်မယ်။ ဝင် ငွေတိုးမယ်။ ကျေးလက်မှာမီးအတွက် ဖယောင်းတိုင်သုံးရတော့ တစ်ရက်ကို ကျပ် ၂၅ဝ ကျပ်နဲ့ ၃ဝဝကျပ်ကြား ကုန် ကျတာလျော့သွားမယ်။ ကျေးလက်နေ ထိုင်သူတွေအတွက် ဝင်ငွေတိုးပြီး ကုန် ကျငွေ လျော့သွားတော့ အဆင်ပြေနိုင်မယ်။ ကနဦးအနေနဲ့ ကျေးရွာ ၁ဝဝ ကို စတင်ဆောင်ရွက်ပေးမှာဖြစ်ပြီး နောင်နှစ်မှာ ကျေးရွာ ၂ဝဝ ကို ဆောင် ရွက်ပေးနိုင်အောင်စီစဉ်မယ်။ ဆိုလာမီး မလိုချင်တဲ့ရွာက အင်ဂျင်နဲ့မီးလင်းလိုရင် လည်း ဆောင်ရွက်ပေးမယ်။ ကုန်ကျ စရိတ်ကို လစဉ် မီးကြေးကောက်ခံပြီး တစ်နှစ်အတွင်း ပေးဆပ်နိုင်အောင် ကျေးရွာမီးလင်းရေးကော်မတီကိုဆောင် ရွက်စေမယ်'' လို့ ပြောကြားပါတယ်။ ဆိုလာမီး တပ်ဆင်မယ့်ကျေးရွာမှ ကနဦးကျပ် ၄ဝဝဝဝ ကျပ်ပေးသွင်းပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ချေးငွေ ကျပ် ၄ဝဝဝဝ ကျပ်ကို တစ်လလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းအတိုးနှုန်းနဲ့ အရင်း ငွေကျပ် ၁၁ဝဝဝ ကျပ်ပေးသွင်းရ မှာဖြစ်ပါတယ်။Solar  ကုမ္ပဏီမှ ကျပ်၈ဝဝဝဝ ဖြင့်အတိုးမဲ့ဆိုလာပြား တပ်  ဆင်ပေးမည်ဖြစ်ရာ ကနဦးငွေပေးချေ ပြီးပါက ကျန် ၈ လတွင် တစ်လလျှင် ၁ဝဝဝဝ ကျပ် ပေးသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာပေါင်း ၄၇၈ဝ ရွာရှိရာ ကနဦးတွင် ကျေးရွာ ၁ဝဝ အတွက် တစ်မြို့နယ်လျှင် ၅ ရွာ နှုန်းဖြင့် တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဆိုလာပြားတပ်ဆင်ပါက LED 5  ဝပ်ရှိ မီးချောင်း နှစ်ချောင်းစီ တပ်ဆင်နိုင်မှာ ဖြစ်ပြီး၊ တန်ဖိုးငွေကျပ် ၁၆ဝဝဝဝ ကျပ် ကုန်ကျမှာဖြစ်ကြောင်း သိရပါတယ်။ အင်ဂျင်မီးတပ်ဆင်လိုပါကလည်း ကုန် ကျစရိတ်အားလုံးကို တစ်နှစ် အတွင်း ပေးဆပ်ရမှာဖြစ်ကြောင်း၊ အြွေကးကျေ ပြီးပါက လစဉ်ရငွေများအား မိမိကျေး ရွာအတွင်း အတိုးနည်းဖြင့် ငွေချေးခြင်း နဲ့ ရပ်ရွာဖွံ့ဖြိုးရေးကိစ္စများအတွက် အများသဘော တူညီချက်ဖြင့် ဆောင် ရွက်နိုင်ကြောင်းသိရပါတယ်။ ဇူးဇူး