Main menu

Background

မလေးရှားကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ အရည်အချင်းရှိ ယာဉ်မောင်း အခက်အခဲရှိ

Tue, 08/30/2011 - 15:38 -- Anonymous (not verified)

မလေးရှားကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ အရည်အချင်းရှိ ယာဉ်မောင်း အခက်အခဲရှိ                     မလေးရှားနိုင်ငံရှိ ကုန်သေတ္တာသယ်ယူပို့ဆောင်ရေး လုပ်ငန်း တွင် မျိုးဆက်သစ်ကုန်သေတ္တာကားများကို မောင်းနှင်ရန် စနစ် တကျ လေ့ကျင့်ထားပြီး စည်းကမ်းကောင်းတဲ့ ယာဉ်မောင်းများရရှိ ရန် အခက်အခဲ ရှိနေပါတယ်။ တကယ်လို့အခြေအနေ ပိုမိုဆိုးဝါး လာမယ်ဆိုရင်တော့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ပြည်ပက ယာဉ်မောင်းတွေကို ခေါ်သွင်းရမှာပဲလို့ မလေးရှားကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အသင်းဥက္ကဌ ဒါတွတ်ရှီ အာဇစ်ဇူဒင်ချီ အစ္စမေးက ပြောပါတယ်။ မျိုးဆက်သစ် ကုန်သေတ္တာကားများက တန်ဖိုးကြီးတဲ့အတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ အရည်အချင်းပြည့်ပြီး တော်တဲ့ ယာဉ်မောင်းတွေလိုနေတယ်လို့ အမျိုးသား ကုန်းလမ်းသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်း ရေးဌာနက ပြုလုပ်တဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဘေး အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဖွင့်ပွဲမှာ သူကပြောပါတယ်။ ယာဉ် တစ်စီးကို ရင်းဂစ် ၃၅ဝဝဝဝ ရှိသည့်အတွက် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းက စက်သစ်များအတွက် ရင်းဂစ်သန်း ၃ဝဝ မှ ၄ဝဝ အထိ သုံးစွဲခဲ့ရမှာ ဖြစ်ပါတယ်။                        ဒါကြောင့် ယာဉ်မောင်းတွေကို အဆင့်ကိုမြှင့်တင်ပေးရမှာ ဖြစ်သလိုသူတို့ရဲ့ လစာတွေကိုလည်းတိုးပေးရ မယ်။ ပျမ်းမျှအားဖြင့် တစ်လကိုရင်းဂစ် ၃ဝဝဝ ကနေ ၄ဝဝဝ အထိရရှိပြီး တော်တဲ့လူတွကို ရင်းဂစ် ၆ဝဝဝ ကနေ ၇ဝဝဝ အထိ ပေးတယ်လို့ သူကပြောပါတယ်။ အများစုကလုပ်ငန်းအပေါ်အထင်သေးတဲ့အတွက် ယာဉ် တွေကို မောင်းနှင်ဖို့အတွက် ယာဉ်မောင်းလိုအပ်ချက်က ၂ဝ ရာခိုင်နှုန်းက ၃ဝ ရာခိုင်နှုန်းထိ ရှိမယ်လို့လည်း ပြောပါတယ်။Source. bernama.com