စက်တင်ဘာလအထိ ကမ္ဘာ့ဆန်ဈေးများ တည်ငြိမ်နေဦးမည် ခန့်မှန်း
စက်တင်ဘာလအထိ ကမ္ဘာ့ဆန်ဈေးများ တည်ငြိမ်နေဦးမည် ခန့်မှန်း သြဂုတ်လ ၂၅ ရက်မှစပြီး အာရှဆန်ဈေးနှုန်းတွေ အနည်းငယ်အားနည်းသွားတယ်။ သြဂုတ် ၂၄ ရက်အထိ တစ်တန်ကို ၅၅ဝ ဒေါ်လာအထိ ရောက်ရှိမြင့်မားခဲ့တဲ့ ထိုင်းဆန်ဖြူ ၂၅ မှတ်ကို ပြည်ပ တင်ပို့တဲ့နှုန်း (FOB နှုန်း) က သြဂုတ် ၂၆ ရက် မှာ ၅၃ဝ ဒေါ်လာအထိ ၂ ရက်အတွင်း ဒေါ်လာ ၂ဝ ကျဆင်းသွားတယ်။ အလားတူ ဗီယက်နမ် ဆန်ဖြူ ၁၅ မှတ်ကလည်း FOB နှုန်းထား တစ်တန်ကို ၅၇၅ ဒေါ်လာမှ ၅၅ဝ ဒေါ်လာအထိ ၂၅ ဒေါ်လာ ဈေးကျသွားတယ်။ စက်တင်ဘာလအထိ အာရှဆန်ဈေးနှုန်းတွေ တည်ငြိမ်နေဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းကြတယ်။ ဆန်ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စပါး အထွက်တိုးမဲ့အပြင် ပြည်ပကို တင်ပို့နိုင်မှုအပေါ် စိုးရိမ်မှုတွေ ရှိနေခြင်းကြောင့် ဈေးနှုန်း တည်ငြိမ်နေဦးမယ် ခန့်မှန်းခြင်း ဖြစ်တယ်။ အိန္ဒိယက ဆန် (ဘာစမာတီမဟုတ်သောဆန်) တင်ပို့မှုအတွက် တရားရင်ဆိုင် နေရခြင်းကြောင့် လောလောဆယ် ဆန်တင်ပို့နိုင်သေးခြင်း မရှိသေးပေမဲ့လည်း တင်ပို့ခွင့်ရပြီဆိုရင် ဆန်ဈေးနှုန်းတွေ အနည်းငယ်ကျဆင်းသွားဦးမယ်လို့ ဆန် ကုန်သည်ကြီးတွေက ခန့်မှန်းကြတယ်။ လက်ရှိမှာ ဆန်သိုလှောင်ထားမှု လုံလုံလောက်လောက် ရှိနေတဲ့ ဆန်တင်သွင်းနေကျ နိုင်ငံတွေအနေနဲ့ ဆန်ဈေးမြင့်နေ ချိန်မှာ ဝယ်ယူခြင်းမပြုဘဲ ဈေးကွက်ကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ပပ၊ Source:online.wsj.com
