Main menu

Background

သြဂုတ်လ နောက်ဆုံးပတ် မတ်ပဲတန် ၁၄ဝဝဝ ခန့် တင်ပို့မှုရှိ

Sun, 09/04/2011 - 06:08 -- Anonymous (not verified)

သြဂုတ်လ နောက်ဆုံးပတ် မတ်ပဲတန် ၁၄ဝဝဝ ခန့် တင်ပို့မှုရှိ              ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ သြဂုတ်လနောက်ဆုံးပတ်မှာ လည်း ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၄ဝဝဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ ပမာဏအတိုင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။                  လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ မတ်ပဲတင်ပို့မှုကို ကြည့် မယ်ဆိုရင်တန်ချိန် ၃၁ဝဝဝဝ ကျော်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၇ဝ သန်း ခန့် ရရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် နှစ်သိန်း ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၂၂ဝ သန်း ခန့်ရှိတာကို တွေ့ရပါတယ်။ ယခင် နဲ့ ယခု ဘဏ္ဍာနှစ်ကာလတူချင်း တင်ပို့မှုကို နှိုင်းယှဉ်မယ်ဆိုရင် ယခုနှစ်မှာ တန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်တာတွေ့ရပြီး ရရှိတဲ့ ဝင်ငွေကို နှိုင်းယှဉ်ရင်တော့ ယခင်နှစ်ထက် ယခုနှစ်မှာ ပဲဈေးလျော့ပြီးရောင်းရတာကြောင့် ကန်ဒေါ်လာ ၅ဝ ခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း မတ်ပဲတင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT