Main menu

Background

မတ်ပဲပြည်ပအဝယ် တစ်ဆခန့် ပိုလာ

Sun, 09/04/2011 - 06:09 -- Anonymous (not verified)

မတ်ပဲပြည်ပအဝယ် တစ်ဆခန့် ပိုလာ                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ ယခုတစ်ပတ် မတ်ပဲ အဝယ်အားကောင်းလာတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ပြည်ပအရောင်းအဝယ်စာချုပ် ချုပ်ဆိုမှုတန်ချိန်၁၄၁ဝဝ ရှိခဲ့ရာ မှ ယခုတစ်ပတ် (သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝဝဝ ခန့်ထိ ချုပ်ဆိုခဲ့တာတွေ့ရလို့ ယခင်တစ်ပတ်ထက် တစ်ဆနီးပါး ပိုမိုခဲ့တယ်လို့ သိရပါတယ်။                   သြဂုတ်လတစ်လလုံးမှာ မတ်ပဲ SQ တန်ချိန် ၃၈ဝဝဝ ခန့်၊ FAQ တန်ချိန် ၄ သောင်းကျော်နဲ့ အခွံချွတ်အပါအဝင် မတ်ပဲစုစုပေါင်း တန်ချိန် ၈ သောင်းကျော် FOB အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ အဝယ်အားကောင်းလာသလို၊ ပြည်ပပို့ကုန်ဝင်ငွေ လဲလှယ်နှုန်းလည်း ကုန်သည်တွေ အတွက်အသင့်အတင့်ကောင်းမွန်ခဲ့တာကြောင့် အရောင်းအဝယ်ဖြစ်မှုများလာတယ် လို့ သိရပါတယ်။ လာမယ့်လ တွေမှာလည်း အိန္ဒိယဘက်က အဝယ်တင်ဒါခေါ်ဖို့ရှိ နေတဲ့အတွက် ဝယ်လိုအားဆက်လက် ကောင်းနိုင်ဖွယ် ရှိတယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခုသီတင်းပတ် FOB ဈေးအပြောင်း အလဲများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                             ဒေါ်လာ/တန်                      မတ်ပဲ(FAQ)            မတ်ပဲ(SQ)၂-၉-၁၁            ၇၅ဝ-၇၇ဝ             ၈၄၅-၈၆၅၂၆-၈-၁၁         ၇၄ဝ-၇၆ဝ             ၈၃ဝ-၈၅ဝMIRT(MAPT)