Main menu

Background

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုး

Sun, 09/04/2011 - 06:16 -- Anonymous (not verified)

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုး            ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိခဲ့ရာမှ သြဂုတ်လနောက်ဆုံးပတ် (သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါးတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုမှ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၁၇ သန်းဖိုးရရှိတယ် လို့ သိရပါတယ်။            လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၆ ရက် အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၈၅ဝဝဝ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၈ သန်းကျော်ဖိုး ရရှိတယ်လို့ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုကို ကြည့်ရာမှာတန်ချိန်အားဖြင့် ၄၇ဝဝဝ ကျော်သာရှိသော်လည်း ယခင်နှစ် ပဲစင်းငုံဈေးကောင်း ရရှိခဲ့လို့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၈ သန်းကျော်ရရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း တင်ပို့မှု ပမာဏထက်ဝက်နီးပါးပိုမိုပေမဲ့ ဈေးလျော့ကျမှုကြောင့် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁ဝ သန်းခန့်သာ ပိုမိုတာတွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ပုံမှန်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT - MAPT