ပဲလွန်းဖြူတင်ပို့မှု လျော့ကျပေမဲ့ FOB အရောင်းတန် ၄ဝဝခန့်ရှိ ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က တင်ပို့မှုဟာ ယခင်သီတင်းပတ်တွေ က တန်ချိန် ၃ဝဝ ခန့်နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက် အတွင်း သီတင်းပတ်မှာတော့ စင်ကာ ပူနဲ့ ထိုင်းကို တန်ချိန် ၁ဝ တန်ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန် တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည် ဒိုင်မှာ ပြည်ပအရောင်း အဝယ်စာချုပ် ချုပ်ဆိုမှုကတော့ တန်ချိန် ၄ဝဝ ခန့်ရှိ တာ တွေ့ရပါတယ်။ သြဂုတ်လ တစ်လလုံး အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် ၁၃ဝဝ ခန့် ရှိပြီး ယခုဈေးကွက်တွေမှာတော့ လက်ကျန်အတော်နည်းနေပြီလို့သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲခြင်း မရှိဘဲ စက်တင်ဘာလ ၂ ရက်နေ့မှာ ပဲလွန်းဖြူ (FAQ) တစ်တန် ကန်ဒေါ် လာ ၈၄ဝ-၈၆ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅ဝ-၉၇ဝ အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT
Background