Main menu

Background

ပြည်ကုလားပဲ ဈေးပြန်လှုပ်လာ

Sun, 09/04/2011 - 06:41 -- Anonymous (not verified)

ပြည်ကုလားပဲ ဈေးပြန်လှုပ်လာ                 ပြည်ပဲဈေးကွက်သို့ ကုလားပဲဝင်ရောက်မှုအနေဖြင့် အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခွဲစက်သမားများမှ ခွဲခြမ်းပြုလုပ်ပြီး တင်ပို့ရောင်းချကြပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။ အခြားတိုင်းမှ အဝင်မရှိဘဲ ဒေသတွင်း မြို့နယ်များမှ ခွဲစက် သမားများဖြင့် ပုံမှန်အရောင်းအဝယ် ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း