Main menu

Background

ရှမ်းနနွင်း အရောင်းအဝယ်အေး

Sun, 09/04/2011 - 06:49 -- Anonymous (not verified)

ရှမ်းနနွင်း အရောင်းအဝယ်အေး               နနွင်းကတော့ အခုထိ အရောင်းအဝယ်က ခပ်အေးအေးပါပဲ။ လက်ကျန်နနွင်းတွေမှာ ပင်လောင်းနနွင်းကတော့ အများကြီး ရှိနေပါသေးတယ်။ နနွင်းတက်ကြီးတွေနဲ့ နနွင်းခေါင်းတွေက အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ လက်ကျန်တွေမှာတော့ နဝလီ တွေများနေပါတယ်။ နနွင်းခေါင်းတွေ အရောင်းနည်းနည်းလိုက်လာတော့ နနွင်းတက ်တွေကိုပါရောပြီး ရောင်းလိုက်ကြတာကြောင့် နနွင်းတက်ကောင်းတွေလည်း တစ်ပိဿာ ၂ဝဝဝ ကျပ် ဈေးနဲ့ အရောင်းအဝယ် ဖြစ်လိုက် ပါသေးတယ်။ ဒီတစ်လမှာတော့ ကားခတွေက ဈေးကျနေပေမယ့် မိုးရွာနေ တာကြောင့် အရာင်းအဝယ်မဖြစ်ဘူးလို့ နနွင်း ပွဲရုံတွေက သိရပါတယ်။            ဒီတစ်ပတ်နနွင်းဈေးက အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းစ (ဖြူ/ရော)တွေက တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ် ဈေးသာရှိပြီး၊ ကောင်းရင်တော့ တစ်ပိဿာ ၁၂ဝဝ ကျပ်ဈေးရှိပါတယ်။ လက်ကျန်နည်းနေပြီဖြစ်တဲ့ ဆင်တောင်နနွင်း ကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၁၆ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။                   ဧဧခိုင်