Main menu

Background

အမှာအော်ဒါအချို့ ရရှိလို့ အိန္ဒိယနနွင်းဈေးအနည်းငယ်တိုးလာ

Sun, 09/04/2011 - 06:50 -- Anonymous (not verified)

အမှာအော်ဒါအချို့ ရရှိလို့ အိန္ဒိယနနွင်းဈေးအနည်းငယ်တိုးလာ                ဝယ်လက်ကြီးကြီးမားမားနဲ့ အမှာများများမရရှိပေမယ့် အမှာအော်ဒါ တစ်ခုနှစ်ခုရရှိခဲ့တာကြောင့် အီရော့ နနွင်း လက်ငင်း ဈေးကွက်မှာ သြဂုတ်လ ၃ဝ ရက်ကတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၉) မြင့်တက်ခဲ့ပါတယ်။ ပွဲတော် ၂ ရက် မှာ ဈေးကွက်များပိတ်မှာဖြစ်လို့ ကုန်သည်များဟာ ဈေးတိုးပေးဝယ်ခဲ့ကြပြီး တောင်သူ များကလည်း အနည်းငယ်တိုးတဲ့ဈေးနဲ့ နနွင်းများ ရောင်းချခဲ့ကြတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာက ဆိုပါတယ်။                    နနွင်းကြိုပွိုင့်ဈေးကလည်း ယခင်ရက်ထက် ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ၆၅ ဒသမ ၇)ပိုပြီး၊ တစ်တန်ရူပီး ၅၆ဝဝဝ (ကန်ဒေါ်လာ ၁၂၂၆)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်သီတင်းပတ်ကစပြီး အိန္ဒိယ မြောက်ပိုင်း ကုန်သည်များထံက အမှာအော်ဒါများ ရရှိနိုင်တာကြောင့် ဈေးမြင့်တက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးအရ စပ်မျိုးနနွင်းဈေးက တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅ ဒသမ ၇) ကျဆင်းခဲ့ ပါတယ်။ ဈေးကွက်ကို အိတ် ၇ဝဝဝ ဝင်ရောက်မှုရှိတဲ့အနက် ၆၅ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်သူများ ကလည်း ၎င်းတို့ကုန်စည်များကို ရောင်းလိုနေကြတယ်လို့ ဆိုပါတယ်။               အီရော့ နနွင်းကုန်သည်များအသင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၄၅၃၉ဝ မှ ရူပီး ၅၈၃၉ဝ (ကန်ဒေါ်လာ ၉၉၄ မှ ၁၂၇၉)ဈေးနနွင်းဥဈေးက ရူပီး ၄၂၄၇ဝ မှ ၄၉၇၄ဝ (ကန်ဒေါ်လာ ၉၃ဝ - ၁ဝ၈၉)ဈေးနဲ့ ရောင်းချကြတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source:hindubusinees