ငရုတ်ကောင်းတစ်တန် ကန်ဒေါ်လာ ၅၉ဝဝ စံချိန်တင်မြင့်တက် ဝယ်လိုအားမြင့်မားမှုနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရောင်းလို အားနည်းပါးမှုတို့ကြောင့် သြဂုတ်လ ၂၅ ရက်နေ့က ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းဈေးနှုန်းတွေက ၁၅ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်း အသင်းရုံးရဲ့ မန်နေဂျာ Tran Duc Tung က ပြောကြားလိုက် ပါတယ်။ သြဂုတ်လ ၂၅ ရက်မှာ ငရုတ်ကောင်းတစ်တန်ဈေးနှုန်း က ကန်ဒေါ်လာ ၅၉ဝဝကိုရောက်ရှိခဲ့ရာ ယခင်ရက်သတ္တပတ် ကနဲ့ နှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၁၉ဝ နီးပါး တက်သွားခဲ့ကြောင်း Tung အရသိရှိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်ကငရုတ်ကောင်းဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၇ဝဝ က သြဂုတ်လ ၂၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၅၈ဝဝ ကို ဈေးတက်သွားခဲ့တယ်။ ၎င်းအချိန်က လယ်သမားတွေထံမှာ ငရုတ်ကောင်းသို လှောင်ထားမှု ပမာဏက အလွန်လျော့နည်းခဲ့ကြောင်းနဲ့ ကုန်သည်တွေမှ အမြောက်အမြားဝယ်ယူခဲ့ကြကြောင်း သတင်းရရှိပါတယ်။ ဗီယက်နမ်ပြည်တွင်း ငရုတ်ကောင်းဈေး နှုန်းက ကမ္ဘာ့ဈေးကွက်နဲ့ အပြိုင်ဖြစ်နေကြောင်း သိရှိရတယ်။ ကမ္ဘာ့ဈေးကွက်မှာငရုတ်ကောင်းဈေးနှုန်းတွေ တစ်ရှိန် ထိုးမြင့်တက်လာရခြင်းက မွတ်စလင်တို့ရဲ့ ဥပုသ်လ ရာသီဖြစ်တာကြောင့် ဝယ်လိုအားမြင့်မားမှုကြောင့်ဖြစ်တယ်။ ဒါ့ပြင် ကမ္ဘာ့ငရုတ်ကောင်းအဓိကတင်ပို့တဲ့ အိန္ဒိယရဲ့ ရောင်းလိုအား ကျဆင်းသွားခြင်းကြောင့်လည်း ဖြစ်တယ်။ ငရုတ်ကောင်းဈေးနှုန်းမြင့်မားမှုက ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ ခန့်မှန်းရတယ်။ဗီယက်နမ် လယ်ယာ စိုက်ပိုျးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ငရုတ်ကောင်း တင်ပို့မှုနဲ့ ပတ်သက်ပြီး ခန့်မှန်း ချက်အသစ်ကိုကြေညာလိုက်တယ်။ယခုနှစ်မှာ ငရုတ်ကောင်းတင်ပို့မှုက ကန်ဒေါ်လာ သန်း ၈ဝဝ ကျော်ရရှိနိုင်ကြောင်းနဲ့ ယခင်ခန့်မှန်းထားချက်ထက် သန်း ၇ဝ ကျော်ပိုမိုနိုင်ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့လက ဗီယက်နမ်က ငရုတ်ကောင်းတန်ချိန် ၁၅ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ သန်း ၉ဝ ကျော်ရရှိခဲ့ တယ်။ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ငရုတ်ကောင်း တင်ပို့မှု ပမာဏက တန်ချိန် ၈၅ဝဝဝ ရောက်ရှိကာ ကန်ဒေါ်လာ ၄၆၅ သန်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွနန်မွန်လှိုင်၊Source:english.vietnamnet.vn
Background