လစ်ဗျား ရေနံထုတ်လုပ်မှု ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိတော့မည် အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်အရှိန်ရလာကာ ရေနံစိမ်း ဝယ်လိုအား မြင့်မားလာဦးမယ်ခန့်မှန်းကြရာ သြဂုတ် ၂၉ ရက်က နယူးယောက် မှာ ရေနံစိမ်းဈေးနှုန်း ၃ ရက်ဆက်တိုက် ပြန်လည်ဦးမော့လာတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben S.Bernanke က စီးပွားပျက်ကပ်ထပ်မံ ကြုံတွေ့နိုင်စရာ အခွင့်အလမ်း ရှိပြီး အပျက်သဘောဆောင်တဲ့ စီးပွားရေးအညွှန်းကိန်းတွေ ထွက်ပေါ်နေပေမဲ့ လည်း ရေရှည်စီးပွားရေးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ချပြီးပြီလို့ ယုံကြည် ကြောင်းပြောကြားမှုရှိလာခြင်းက ရေနံစိမ်းဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေတယ်။ အောက်တိုဘာလ အရောက်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို ၂၉ ဆင့် မြင့်မား ကာ ၈၅ ဒသမ ၆၆ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ သြဂုတ်လ ၂၉ ရက်က အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အောက်တိုဘာလမှာ ငွေချေရမဲ့ ဘရန့် အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၂၁ ဆင့်ကျဆင်းကာ ၁၁၁ဒသမ ၁၅ ဒေါ်လာ နဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဘရန့်အမျိုးအစား ရေနံစိမ်းဈေးနှုန်းကျဆင်းရခြင်းမှာ လစ်ဗျားသူပုန်တွေက ရေနံတွင်းတွေကို အပြည့်အဝထိန်းချုပ်ထားပြီး ရေနံထုတ်လုပ်မှု အပြည့်အဝ ပြန် လည်ဆောင်ရွက်နိုင်တော့မှာဖြစ်ပြီး ဈေးကျဆင်းကြောင်း၊ လာမဲ့ သုံးပတ်အတွင်း လစ်ဗျားပြည်တွင်းစစ်မတိုင်မီက ထုတ်လုပ်တဲ့နှုန်းအတိုင်း ထုတ်လုပ်နိုင်မယ် မျှော်မှန်းကြောင်း၊ အဆင့် ၃ ဆင့်ပါဝင်တဲ့ စီမံကိန်းအရ လာမဲ့ ၁၅ လအတွင်း တစ်နေ့ကို ရေနံစည်ပေါင်း ၁ ဒသမ ၆ သန်းထိ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း National Transitional Council ရဲ့ ထုတ်လုပ်မှု ဌာနမှူး Nouri Balroin က အယ်ဂျာ ဇီးယား သတင်းဌာနကို သြဂုတ် ၂၇ ရက်က ပြောကြားခဲ့တယ်။ Source:Bloomberg.com, ပပ
Background