Main menu

Background

ဆွစ်ဇာလန်၊ဂျပန်အစိုးရများနှင့် ယင်းနှစ်နိုင်ငံမှ ဗဟိုဘဏ်များက ငွေကြေးတန်ဖိုးများကျဆင်းအောင် ကြိုးပမ်း

Sun, 09/04/2011 - 06:58 -- Anonymous (not verified)

ဆွစ်ဇာလန်၊ဂျပန်အစိုးရများနှင့် ယင်းနှစ်နိုင်ငံမှ ဗဟိုဘဏ်များက ငွေကြေးတန်ဖိုးများကျဆင်းအောင် ကြိုးပမ်း                  ယခင်နှစ်ကကျင်းပခဲ့တဲ့ နှစ်ပတ်လည် ညီလာခံမှာ အမေရိကန်ဗဟို ဘဏ်က ငွေစက္ကူတွေကို ရိုက်ထုတ် ခြင်း၊ ငွေတိုက်စာချုပ်တွေ ဝယ်ယူခြင်း တွေနဲ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖွယ်ရှိတယ်လို့ဗဟိုဘဏ် ဥက္ကဋ္ဌ Ben S.Bernanke  က အချက် ပြပြောကြားခဲ့အပြီး သိသိသာသာ တန်ဖိုးကျဆင်းသွားတဲ့ ကန်ဒေါ်လာက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း ကန်ဒေါ်လာ ၆ဝဝ ဘီလီယံတန်ဖိုးရှိ ငွေတိုက်စာချုပ်တွေ ကို ဗဟိုဘဏ်မှဝယ်ယူခဲ့ရာ တန်ဖိုး ၆ ဒသမ ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့တယ်။ဒါပေမဲ့ ၂ဝ၁၁ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေး ခြင်းတောင်းအတွင်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံ ၉ နိုင်ငံ ငွေကြေးတွေနဲ့ လဲလှယ်ရာမှာ တန်ဖိုး ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်မား ခဲ့ပြီးဖြစ်တယ်လို့ Bloomberg  သတင်း ဌာန စာရင်းဇယားတွေအရ သိရတယ်။                  အမေရိကန် ဗဟိုဘဏ်က ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းအထိ အတိုးနှုန်းကို သုည ရာခိုင်နှုန်းနီးပါးမှာသာ ထားမယ် ဆိုလာခြင်း၊ Standard & Poor’s က အမေရိကန်ရဲ့ Credit rating ကို AAA အဆင့်မှ AA+  အဆင့်အထိ တစ်ဆင့်လျှော့ချခြင်းတွေ ရှိလာပေမဲ့ လည်း U.S assets  (အမေရိကန်နိုင်ငံ ရဲ့ ဘဏ် ၊ ကုမ္ပဏီစသည်တို့ရဲ့ပိုင်ဆိုင်မှု များ) ကို ဝယ်လိုအားများလာပြီး ကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်းဖြစ်တယ်။ ကန်ဒေါ်လာတန်ဖိုး မြင့်မားလာ တယ်ဆိုပေမဲ့ ဆွစ်ဖရန့်နဲ့ယှဉ်ရင် ၄၇ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားသလို ဂျပန်ယန်းနဲ့ယှဉ်ရင် ၃၁ ရာခိုင်နှုန်းတန်ဖိုးကျဆင်းနေဆဲဖြစ်တယ်။             ကန်ဒေါ်လာတန်ဖိုး ကျဆင်းမှု ကြောင့် လုံခြုံစိတ်ချရတဲ့ ငွေအဖြစ် ဝယ်လိုအားများလာတဲ့ ဆွစ်ဖရန့်နဲ့ဂျပန်ယန်းတန်ဖိုးတွေ အလွန်အမင်း မြင့်မားလာကြတယ်။ ဒါကြောင့် ဆွစ် ဇာလန်၊ ဂျပန်အစိုးရတွေနဲ့ ၎င်းနှစ်နိုင်ငံမှ ဗဟိုဘဏ်တွေက ငွေကြေးတန်ဖိုး တွေ ကျဆင်းအောင် ကြိုးပမ်းလျက်ရှိ တယ်။ ဂျပန်ဗဟိုဘဏ်က ငွေကြေးလှုံ့ဆော်မှုအစီအစဉ်အတွက် ယန်းငွေ ၁ဝ ထရီလီယံ (ကန်ဒေါ်လာ ၁၃ဝ ဒသမ ၅ ဘီလီယံ) ထပ်မံ တိုးလိုက် ခြင်းနဲ့ ယန်းငွေတန်ဖိုး ကျဆင်းအောင် ကြိုးပမ်းခဲ့တယ်။                    သြဂုတ် ၂၉ ရက် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ငွေလဲနှုန်းတွေအရ အမေရိကန်ဒေါ်လာက ယန်းငွေနဲ့ လဲ လှယ်ရာမှာ တစ်ဒေါ်လာကို ၇၆ဒသမ ၆၈ ယန်းအထိရောက်ရှိခဲ့ရာ ယခင် အပတ် ငွေလဲနှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ၇၆ ဒသမ ၆၄ ယန်းနဲ့ယှဉ်ရင် ကန်ဒေါ်လာတန်ဖိုး မြင့်မားလာတယ်။ ဆွစ် ဖရန့်နဲ့လဲလှယ်ရာမှာလည်းကန်ဒေါ်လာ တန်ဖိုး သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာပြီး တစ်ဒေါ်လာကို ၈ဝ ဒသမ ၉၆ centimes (1 franc = 100 centimes) ဖြစ်လာတယ်လို့သိရတယ်။ Source:Bloomberg.com,ပပ