Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Sun, 09/04/2011 - 07:30 -- Anonymous (not verified)

နို့ဆီ/ နို့စိမ်း တန်ချိန် ခြောက်ရာကျော် တင်သွင်း                 သြဂုတ် ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နို့ဆီ ၄၆၆ ဒသမ ၉၄ တန်နဲ့ နို့စိမ်း ၂ဝ၉ ဒသမ ၈၄ တန် စုစုပေါင်း ၆၇၆ ဒသမ ၇၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ သြဂုတ် လအတွင်း ဒီတစ်ပတ်မှသာ နို့စိမ်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နို့ဆီက ယခင်သီတင်းပတ် တန်ချိန်သုံးရာကျော် သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့လေးဆယ်ကျော် လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နို့မှုန့်က ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနဲ့ သြစတြေးလျ စတဲ့နိုင်ငံတွေမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တော့ နို့မှုန့် ၂၃ ဒသမ ၅ဝ တန်သာ တင်သွင်းခဲ့တာကြောင့် ယခင်သီတင်း ပတ်ထက် အဝင်တန်ချိန် တစ်ဝက် လောက် လျော့နည်းပြီး တင်သွင်းခဲ့ပါ တယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း အသွင်းပို                 သြဂုတ်လ နောက်ဆုံးပတ်မှာ ကန် ဒေါ်လာ ၅၃၈၂ဝ တန်ဖိုးရှိ နိုမှုန့် တန် ၆ဝ အသွင်းရှိခဲ့ပြီး၊ သြဂုတ်လ တစ်လ လုံး နို့မှုန် ၆၈ တန်သာ နယ်စပ်မှ အသွင်းရှိခဲ့ပါတယ်။ ကော့သောင်းနယ် စပ်မှ ယခုအပတ်မှာ ကန်ဒေါ်လာ ၄၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၄၅ ဒသမ ၅ တန်(၂၄ဝဝ သေတ္တာ) အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၂ တန်ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ နို့စိမ်း ၂၆၁ ဒသမ ၆၅ တန်(၁၃၈ဝဝ သေတ္တာ)၊ ကန်ဒေါ်လာ ဝ ဒသမ ၂၄၉ သန်းဖိုး အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၂၃ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ သြဂုတ်လမှာ နို့စိမ်း တန် ၅ဝဝ ကျော်နဲ့ နို့ဆီ ၁၅၅ တန်ကျော် နယ်စပ်မှ တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ            နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး        ကျပ်/တစ်ဘူး                       ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )           ၇ဝဝ   ၈ဝဝဒွန်း( နို့စိမ်း)           ၆၅ဝ   ၇ဝဝFalcon  နို့ဆီ          ၅၅ဝ    -Falcon နို့စိမ်း          ၅ဝဝ    -ဝမ်းတီးနို့ဆီ           ၇ဝဝ   ၇၁၅အိုကေ( နို့ဆီ)         ၆၅ဝ  ၇ဝ၅အိုကေ( နို့စိမ်း)         ၆ဝဝ  ၇ဝ၅ဟက်ပီးကောင်း( နို့ဆီ) ၆ဝဝ   -MIRT (DOT)