Main menu

Background

အမေရိကန်ပဲပုပ်အထွက်နိမ့်ကျခြင်းက စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေဖွယ်ရှိ

Sun, 09/04/2011 - 07:37 -- Anonymous (not verified)

အမေရိကန်ပဲပုပ်အထွက်နိမ့်ကျခြင်းက စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေဖွယ်ရှိ                     ကမ္ဘာ့ပဲပုပ်နဲ့ မုန်ညှင်းစေ့ထုတ်လုပ်မှုကျဆင်းခြင်းနဲ့အတူ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားတိုးတက်နေခြင်း တို့က စားအုန်းဆီဈေးနှုန်းကိုမြင့်တက်ဖို့ အထောက် အပံ့ဖြစ်စေပါတယ်လို့ Rabobank မှ ပြောကြားပါတယ်။ ကမ္ဘာမှာအများဆုံး စားသုံးတဲ့ ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်တဲ့ စားအုန်းဆီဈေးဟာ ဖေဖော်ဝါရီလ အစောပိုင်းက ဘာစာမလေးရှားကုန်စည်ဒိုင်မှာ အခြေခံစံနှုန်းစာချုပ်ဈေးဟာ ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန်ရင်းဂစ် ၃၉၆၇ (ကန်ဒေါ်လာ ၁၃၃၆ )ရှိခဲ့ရာမှ သိသိသာသာကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အထွက်နှုန်းအနည်းငယ် လျော့ ကျခြင်း၊ လက်ကျန်ကျဆင်းခြင်းနဲ့ ဝယ်လိုအားပြန်လည်ကောင်းလာခြင်း တို့ကြောင့် ကာလတိုအတွင်းမှာ ပြန်လည်မြင့်တက်နိုင် တယ်လို့ဆိုပါတယ်။                 ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ သိုလှောင်လက်ကျန်က ၇ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်တဲ့တန်ချိန် ၉ ဒသမ ၄ သန်းကို ကျဆင်းဖွယ်ရှိခြင်း၊ ပဲပုပ်နဲ့မုန်ညှင်းစေ့ ကမ္ဘာ့ ထုတ်လုပ်မှု လျော့ကျလာခြင်းတို့ကြောင့် ကမ္ဘာ့ လက်ကျန်နဲ့စားသုံးမှုအချိုးဟာ ၇ ရာခိုင်နှုန်းအောက်ကို နှစ်ပေါင်း ၄ဝ အတွင်း ပထမအကြိမ်အနေနဲ့ ရောက်ရှိ လာဖွယ်ရှိခြင်းတို့ကြောင့် တင်သွင်းသူများဟာစားအုန်းဆီဘက်ကိုပြောင်းလဲဝယ်ယူ လာမယ့်သဘော ရှိတယ်လို့ ဆိုပါတယ်။ ရာသီဥတုဆိုးဝါးခြင်းကြောင့် အထွက်နှုန်း လျော့ကျတဲ့အတွက် အမေရိကန် စိုက်ပိုျးရေးဌာနရဲ့ ခန့်မှန်းထားတဲ့ ပမာဏ အောက် ၁ ရာခိုင်နှုန်းလျော့ပြီး ထွက်ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သီးနံှထုတ်လုပ်မှုအပေါ် စိုးရိမ်မှုများကြောင့် ချီကာကိုမှာ ပဲပုပ်ဆီ ဈေးလည်း မြင့်တက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။                 ဇူလိုင်လမှ စက်တင်ဘာလထိ ၃ လပတ်အတွက် စားအုန်းဆီပျမ်းမျှဈေးနှုန်း ဟာ တစ်တန်ရင်းဂစ် ၃၁၅ဝ (ကန်ဒေါ်လာ ၁ဝ၆၁ ) ရှိနိုင်တယ်လို့ဆိုပါတယ်။ သြဂုတ်လ ၃ဝ ရက်နေ့က ဘာစာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် အခြေခံစံနှုန်းဟာ တစ်တန်ရင်းဂစ် ၃ဝဝ၉ (ကန်ဒေါ်လာ ၁ဝ၁၃ ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ သြဂုတ်လ ၉ ရက်နောက်ပိုင်း ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားပြီးရင် စားအုန်းဆီ ထုတ်လုပ်မှု အကြီးဆုံးဖြစ်တဲ့ မလေးရှား နိုင်ငံရဲ့ထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ ၃ လအတွင်း ပျမ်းမျှထွက်ရှိမှု တစ်ဟက်တာ ဝ ဒသမ ၄ တန်ထက် အနည်းငယ်လျော့ကျမယ်လို့ဆိုပါတယ်။                     အခြားတစ်ဖက်မှာတော့ ပြည်ပတင်ပို့မှုဟာ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၂ သန်းအထိ မြင့်တက်ခဲ့ပါတယ်။ ပဲပုပ်ဆီဈေးနဲ့ စားအုန်းဆီဈေး ၂ ခု အကြား ကွာဟမှုဟာ ဇူလိုင်လမှာ တစ်တန်ကန်ဒေါ်လာ ၁၉ဝ ထိရှိခဲ့ခြင်းကလည်း စားအုန်းဆီကိုဝယ်လိုအား ပိုမိုလာစေမယ်လို့ Rabobank မှဆိုပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယတို့မှာလည်း ဟင်းသီးဟင်းရွက်ဆီလက်ကျန် လျော့ကျမှုကြောင့် ဝယ်လိုအား ဆက်လက်ကောင်းနိုင်ဖွယ်ရှိတယ် လို့ဆိုပါတယ်။ ယုဇန၊Source: palmoilhq.com