Main menu

Background

တရုတ်၊ ဂျပန်၊ ကိုရီးယားကို နှမ်းတင်ပို့မှု ပိုလာ

Sun, 09/04/2011 - 07:44 -- Anonymous (not verified)

တရုတ်၊ ဂျပန်၊ ကိုရီးယားကို နှမ်းတင်ပို့မှု ပိုလာ                ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန် ၅ဝဝခန့်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတွေကိုတန်ချိန် ၆၃ဝခန့်အထိ ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ပို့ကုန်ခွန်ကင်းလွတ်ခြင်းနဲ့ နှမ်းနီ၊ နှမ်းညိုတို့ပါ တင်ပို့ ခွင်ြ့ပုထားပြီးဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာ ပိုမိုတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၉ဝဝဝ ခန့်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၇ သန်းဖိုးရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုဟာ တန်ချိန် ၂ဝဝဝဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၈ သန်းကျော်ရရှိလို့ ယခုနှစ်မှာ လျော့ကျတင်ပို့တာတွေ့ရပါတယ်။ MIRT - MAPT