Main menu

Background

ယခုအပတ်ကထက် နှမ်းရောင်စုံတန် ၁၄၇ဝ ကျော်ပိုမိုတင်ပို့နိုင်

Sun, 09/04/2011 - 07:46 -- Anonymous (not verified)

ယခုအပတ်ကထက် နှမ်းရောင်စုံတန် ၁၄၇ဝ ကျော်ပိုမိုတင်ပို့နိုင်                 သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းရောင်စုံတင်ပို့မှုဟာ ယခင်အပတ်ကထက် တန်၁၄၇၄တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုတွေကတော့ နှမ်းဖြု ၂၂၁၄ တန်၊ နှမ်းနက် ၉၇၂ တန်၊ နှမ်းဖြူ အခွံချွတ် တန် ၃၂ဝ ကန်ဒေါ်လာ ၄ ဒသမ ၄၉၂ သန်းဖိုး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့ကစပြီး နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီများကို ပင်လယ်ရေကြောင်းသာမက နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကပါ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် နောင် မကြာတော့မဲ့ကာလမှာ နှမ်းရောင်စုံ တင်ပို့မှု ပိုမိုလာနိုင် ဖွယ်ရှိပါတယ်။ နှမ်းဆီတင်ပို့ရန်မှာတော့ အရည်အသွေးကောင်းမွန်မှု ရှိမရှိ စားသုံးရန် သင့်မသင့်စတဲ့ မိမိတို့ပြည်ပမှ စားအုန်းဆီတင်သွင်းရာမှာ လိုအပ်တဲ့ Quality Control စစ်ဆေးချက်တွေလို စာရွက်စာတမ်း ထောက်ခံချက်တွေ လိုအပ်မှာမို့ လတ်တလောတော့ ပို့နိုင်ကြဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အခွန်တွေလည်းလျှော့ပေးတယ်။ တင်ပို့ခွင့်တွေလည်းဖြေလျှော့ပေးလိုက်တယ်ဆိုတော့ ကုန်သွယ်မှုတွေ ပိုမိုတိုးတက်လာ မှာပါလို့ ပဲနှမ်းကုန်သည်တွေထံကသိရပါတယ်။ သြဂုတ်လအတွင်း နယ်စပ်က နှမ်းရောင်စုံတန် ၉၃ဝ ကျော် တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဘက်မြေပြင်နှမ်းဈေးများ ပြောင်းလဲမှုမရှိဘဲ တစ်ဘက်နိုင်ငံ ဈေးအနည်းငယ်လျော့နေပါတယ်။ ဒီလျော့နည်းမှု ဟာလည်း ငွေလဲနှုန်းအရ ပြောင်းလဲမှုပဲဖြစ်ပါတယ်။                         မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်  ပြောင်းလဲမှု   %   ယခု      ယခင်   ပြောင်းလဲမှု    %နှမ်းဖြူ      ၈၆၄၅၁၄      ၈၆၄၅၁၄        -        -    ၁၁၇၃    ၁၁၇၆         ၃         ဝ .၃နှမ်းနက်    ၁ဝ၆၄၇၈၉   ၁ဝ၆၄၇၈၉       -        -    ၁၄၃၉    ၁၄၄၃         ၄         ဝ .၃MIRT (DOBT)