အရောင်းသွက်တဲ့ မန်းနှမ်းဈေးကွက် မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းဒေသကြီးများမှထွက်ရှိတဲ့နှမ်းဖြူ၊ နှမ်းနက်များအများဆုံးဝင်ရောက်နေပြီး ဝင်ရောက် လာတဲ့နှမ်းများကို တရုတ်ဆွဲအားကောင်းနေတဲ့အတွက် မန်းဈေးကွက်မှာ အရောင်းသွက်ပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ သြဂုတ်လနောက်ဆုံးပတ်နဲ့ စက်တင်ဘာလ ပထမပတ်မှာတော့ အောင်လံသိပ္ပံ နှမ်းနက်(စမုံ)က တစ်ပိဿာ ၁၉၅၆ ကျပ်၊ တစ်တန် ၁၁၉၇၈ဝဝ ကျပ်၊ မကွေး (ခြုံကျော်) နှမ်းဖြူများကို တရုတ် အကြိုက်တွေ့နေပြီး ရောင်းဝယ်အားကောင်းနေပါတယ်။ နှမ်းနီ/ညိုကိုတော့ ဒေသတွင်းဆီစက်သမားများအပြင် တရုတ်ဝယ်လက်မှလည်း အနည်းငယ်ဝယ်ယူမှုရှိနေတာကို တွေ့ရပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ သြဂုတ်လ အတွင်း နှမ်းဖြူ ၈၃ဝဝ တန်၊ နှမ်းနက် ၂၄ဝဝ တန်တင်ပို့ခဲ့ပြီး၊ နှမ်းဆီတစ်ပိဿာ ၂၁၅ဝ ကျပ်၊ ၂၂ဝဝ ကျပ်၊ နှမ်းဖတ်တစ်ပိဿာ ၄၂ဝ ကျပ်၊ ၄၃ဝ ကျပ်ဈေးတို့ဖြင့်ရောင်းဝယ်နေကြပါတယ်။ မန်းဈေးကွက် အတွင်းမှာ တရုတ်ဝယ်လိုအားကောင်း နေတဲ့အတွက် နှမ်းဈေးကွက်ဟာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည် များကပြောပါတယ်။ ကျော်ကျော်မိုး
Background