Main menu

Background

မတ်ပဲ

Sun, 09/04/2011 - 07:58 -- Anonymous (not verified)

မတ်ပဲစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ        ယခင်       ယခု        ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ တန်          ၅၄၂ဝဝဝ   ၅၆၈ဝဝဝ၂ မုံရွာ                      ၁ ပိဿာ         ၇၅ဝ         ၇၇၅၃ ပြည်                      ၁ ပိဿာ        ၇၉၅         ၈၃၅၄ ဟင်္သာတ               ၁ ပိဿာ         ၈ဝ၅         ၈၄ဝ၅ မန္တလေး                 ၁ ပိဿာ        ၇၅ဝ          ၇၆၇မတ်ပဲကို ပြည်ပအဝယ်လိုက်လို့ ဈေးမြောက်လာ                    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ( RC) ကို အိတ်စ ပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးတရိပ်ရိပ်မြင့်တက်လာတာရယ်၊ ပြည်ပဝယ်လို အားကလည်း ပုံမှန်ရှိနေတာရယ်အပေါ် မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၅၃၈ဝဝဝ ကျပ်မှ ၅၆၈ဝဝဝ ကျပ်အတွင်း တန်ချိန် ၆၉ဝဝ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲကုန်သည် တချို့က ဒီတစ်ပတ်မှာ ဒေါ်လာ ဈေးက တရိပ်ရိပ်မြင့်လာသလို ပဲဈေးကလည်း တဖြည်းဖြည်းမြင့်တက်လာကြောင်း ပြည်ပဝယ်လိုအားကလည်း ပုံမှန်ရှိကြောင်း၊ ဒါကြောင့် ပဲဈေးကောင်းလာသလို အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင် အပတ်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်သမားများ သာဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာကို ၇၆၇ ကျပ်(တစ်တန်ကို ၄၆၉၇ဝ၃ ကျပ်)နဲ့ နေ့စဉ် အိတ်၂ဝဝ ခန့်သာ ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့််လာပြီး တစ်ပိဿာကို  ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၁ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သၤာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) က ရန်ကုန်အဆွဲများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသိသာစွာမြင့်လာတယ်လို့ သိရပါတယ။် ဒေါ်လာဈေးမြင့်လာ တာကြောင့် ရန်ကုန်အဆွဲများလာသလို မြို့ခံလှောင်လက်တွေလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။