Main menu

Background

ပဲစင်းငုံနီ

Sun, 09/04/2011 - 07:58 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ          ယခင်          ယခု           ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ တန်           ၄ဝ၅ဝဝဝ    ၄၄၁ဝဝဝ၂ မန္တလေး                 ၁ ပိဿာ            ၆၁၇          ၆၅ဝ၃ မုံရွာ                      ၁ ပိဿာ            ၆ဝဝ          ၆၈ဝ၄ ပြည်                      ၁ ပိဿာ            ၆ဝဝ           ၆၅၅၅ ပခုက္ကူ                    ၁ ပိဿာ           ၆ဝဝ            ၆၆၅၆ မြင်းခြံ                    ၁ ပိဿာ            ၅၈၅            ၆၅ဝ၇ အောင်လံ                ၁ ပိဿာ          ၆ဝဝ             ၆၆၅၈ မကွေး                    ၁ ပိဿာ           ၆၁ဝ             ၆၅ဝပဲစင်းငုံနီ ဈေးစွာလာ                    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၄၁၇ဝဝဝ ကျပ်မှ ၄၄၁ဝဝဝ ကျပ်အတွင်း တန် ၁၈၈၆ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကုန်သည်ကြီးတစ်ဦးက ဒေါ်လာ ဈေးကောင်းလာတာကြောင့် လှောင်လက်တွေကလည်း ထုတ်ရောင်း မှုများလာသလို အိတ်စပို့ဝယ်လက်တွေကလည်း ဝယ်အားများလာ တယ်။ ဒါကြောင့် ပဲစင်းငုံက ဈေးကွက်မှာ အရောင်းအဝယ်ပိုသွက် လာတယ်လို့ဆိုပါတယ။် မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀၀ ခန့် ရောင်းအဝြယ်ဖစ်ခဲ့ကြောင်းသိရပါတယ။် မံုံရွာ ဈေးကွက်မှာ ပဲစင်းငုံနီက ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ် လို့ဆိုပါတယ်။ ဒေါ်လာဈေးကလည်း ဒီတစ်ပတ်မှာ ဈေးကောင်းလာ တာကြောင့် ရန်ကုန်ဝယ်လက်က ယခင်အပတ်နဲ့စာရင် ဈေးပေးအ ဝယ်ရှိသလို ဝယ်အားပါများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆို ပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၅ဝ ကျပ်(တစ်တန်ကို ၃၉၈ဝ၅၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြားအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။အောင်လံ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဝယ်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၆၆၅ ကျပ် (တစ်တန်ကို ၄ဝ၇၂၃၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပဲကုန်သည်ကြီးတချို့က ယခုလို ဒေါ်လာဈေးတွေ ပြန်မြင့်လာလို့ ပဲအရောင်းအဝယ်ကုန်သည်တွေ လည်း လှုပ်လှုပ်ရှားရှားနဲ့ အရောင်းအဝယ်သွက်လာတာကြောင့် ဈေးကွက်မှာ ပိုမိုစည်ကားလာတယ်လို့ ဆိုပါတယ်။