Main menu

Background

သိပ္ပံနှမ်း

Sun, 09/04/2011 - 08:13 -- Anonymous (not verified)

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ      ယခင်      ယခု         ပြောင်းလဲမှု ၁ အောင်လံ               ၁ ပိဿာ      ၁၈ဝဝ      ၁၈၈၉ နှမ်းဖြူကို တရုတ်အဆွဲများလို့ ဈေးမြောက်လာ                 မန္တလေးဈေးကွက်မှာ နှမ်းဖြူကို ဒီတစ်ပတ်တရုတ်အဆွဲများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီးတစ်ပိဿာကို ၁၄၄၄ ကျပ်(တစ်တန်ကို ၈၈၄၂၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ ၁၈ဝဝ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးက တရုတ်ကနှမ်းဖြူကို အဆွဲသွက်လာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်။ ဒါကြောင့် ရောင်းဝယ်မှုပမာ ဏက အရင်ထက်ပိုပြီး များလာတာလို့ဆိုပါတယ်။ မုံရွာဈေးကွက် မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄ဝဝ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ခြုံကျော်နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးကြိုက်နှစ်သက်လို့ ဈေးပိုပေးပြီး အဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၄ဝဝ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၅ဝဝ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန် အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၈၈၉ ကျပ်(တစ်တန်ကို ၁၁၅၆၈ဝ၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။