Main menu

Background

ကုလားပဲဖြူလုံးကြီး

Sun, 09/04/2011 - 08:21 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ       ယခင်     ယခု          ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ ပိဿာ      ၁၂ဝ၅    ၁၂၅ဝ၂ မန္တလေး              ၁ ပိဿာ      ၁၂၂၃    ၁၁၇၉၃ မုံရွာ                  ၁ ပိဿာ      ၁၁၈၄    ၁၁၇၄၄ ပခုက္ကူ                ၁ ပိဿာ      ၁၁ဝ၅    ၁၁၈၄၅ မြင်းခြံ                 ၁ ပိဿာ      ၁၁ဝဝ    ၁၁၅ဝကုလားပဲဖြူလုံးကြီး ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                 မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိပြီး မြို့ခံပဲခွဲစက်တွေက အဝယ်နည်းခဲ့တယ်လို့ဆိုပါတယ်။ ကုလား ပဲဖြူလုံးကြီးက ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိနေတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၇၉ ကျပ် (တစ်တန်ကို ၇၂၂ဝဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝမှ ၁၂ဝဝ အတွင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို  အရောင်းအဝယ်ပုံမှန်ရှိနေပေမယ့် ဈေးကတော့ နည်းနည်းပြန်ဆင်း လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ် ပိဿာ ၁၁၇၄ ကျပ် (တစ်တန်ကို ၇၁၈၉၄၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလား ပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅ဝ၆၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝ မှ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။