Main menu

Background

ပဲတီစိမ်း(အညာ)

Sun, 09/04/2011 - 08:30 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု ၁ မုံရွာ                  ၁ ပိဿာ    ၉၂၁       ၉၆၈ ၂ မန္တလေး              ၁ ပိဿာ     ၈၈၉     ၁ဝ၆၇ ၃ ပြည်                  ၁ ပိဿာ      ၆၅ဝ     ၇ဝဝ ၄ အောင်လံ            ၁ ပိဿာ       ၈ဝဝ     ၉၅ဝ ၅ မကွေး               ၁ ပိဿာ        ၆၇၅     ၇၉ဝ ၆ မြင်းခြံ                ၁ ပိဿာ        ၇ဝဝ     ၇၇၅ ပဲတီစိမ်းကို တရုတ်အဆွဲသွက်လို့ ဈေးစွာ                  မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို တရုတ်အဆွဲသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၆၇ ကျပ်(တစ်တန်ကို ၆၅၃၄၂ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ ပစ္စည်း အဝင်လှိုင်လာသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ် မူတည်ပြီး ဈေးပေး အဝယ်ရှိနေတာကြောင့် ယခုလိုပဲတီစိမ်းဈေး စွာလာတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး-ရန်ကုန်ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆၈ ကျပ်(တစ်တန်ကို ၅၉၂၇၉၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် သိရပါတယ်။မကွေးဈေး ကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၇၉ဝ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာအဝယ်ရှိ ခဲ့တယ်လို့ သိရပါတယ်။အောင်လံဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန် ဝယ်လက်က အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးအ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၅ဝ ကျပ်(တစ်တန်ကို ၅၈၁၇၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။