Main menu

Background

ပြောင်း

Mon, 09/05/2011 - 04:19 -- Anonymous (not verified)

ပြောင်းစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ      ယခင်         ယခု           ပြောင်းလဲမှု၁ တောင်ကြီး            ၁ ပိဿာ       ၂၅၅        ၂၆၅၂ လားရှိုး                 ၁ ပိဿာ       ၂၇၅        ၂၈ဝ၃ မူဆယ်                 ၁ တန်     ၁၉၉ဝ၄၅   ၂ဝဝ၁၆၉၄ မန္တလေး               ၁ ပိဿာ     ၂၇၈          ၂၉၆၅ မြင်းခြံ                  ၁ ပိဿာ     ၂၆ဝ           ၂၇ဝ၆ ဟင်္သာတ              ၁ ပိဿာ     ၂၅ဝ          ၂၆၅၇ ရေစကြို                ၁ ပိဿာ     ၂၄ဝ          ၂၈ဝပြောင်းကို တရုတ်နဲ့ ဒေသတွင်း အစာစပ်သမားများ ဝယ်အားပုံမှန်ရှိလို့ ဈေးမြင့်လာ             တောင်ကြီးဈေးကွက်မှာ ပြောင်းသစ်က ဈေးကွက်သို့ဝင်ရောက်မှုရှိနေပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် တစ်ပိဿာ ကို ၁၅ဝ ကျပ်နဲ့ ဈေးဖွင့်အရောင်းရှိနေပေမယ့် ရန်ကုန်-မန္တလေး ဝယ်လက် အဝယ်အေးနေတယ်လို့ဆိုပါတယ်။ ပြောင်း(ဟောင်း)ကို ရန်ကုန်-မန္တလေး ဝယ်လက်အပြင် ဒေသတွင်း အစာစပ်လုပ်ငန်း ရှင်များပါ ဝယ်အားပုံ မှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ကို ၂၆၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၃ဝဝဝဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်များက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းသစ်ရောအဟောင်းပါ တရုတ်ဝယ်အား ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လားရိူးဈေးကွက်မှာ ပြောင်းသစ်က ဈေးကွက်သို့အဝင်ရှိနေပြီး အစိုဓာတ် အနည်းငယ်ရှိနေပေမယ့် ပြောင်း အခြောက်ခံစက်ကြီးတွေရှိနေတာကြောင့် ပြောင်းအဟောင်းဈေးနဲ့အသစ်က အတူတူဖြစ်နေပြီး တစ်ပိဿာကို ၂၈ဝ ကျပ်နဲ့ တစ်ရက်ကို ပိဿာချိန် ၄ဝဝဝ ခြန့်ဖစ်ခဲ့ကြောင်းသိရပါတယ။် မန္တလေး ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်များလာသလို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များကလည်း ဝယ်အား သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၉၆ ကျပ်နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။