ငါးရှဉ့်နဲ့ ရေငန်ငါးမျိုးစုံ တင်ပို့မှု ပိုမို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ရေထွက်ကုန် ကုန်စည်ဒိုင်မှ သြဂုတ်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၉၉၂ သန်းရှိ ငါးရှဉ့် ၃၂၄ တန်ကျော်၊ ကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ဂဏန်း ၁၅၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရေငန်ငါး မျိုးစုံ ၃၉ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၆၆ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၈၅ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပြီး ကဏန်း တင်ပို့မှုမှာတော့ ၂၄ တန်ခန့် လျော့နည်း ခဲ့ပါတယ်။ ငါးရှဉ့်အဝင်များတဲ့အတွက်ငါးရှဉ့်ဈေးကျပြီး ကဏန်းကုန်တက်နည်းတဲ့အတွက် ဈေးတော့ ယခင်အပတ် ထက် မြင့်ရခဲ့ပါတယ်။ ယခုအပတ် မူဆယ် ရေထွက်ကုန် ကုန်စည်ဒိုင်ရဲ့ ငါးရှဉ့်နဲ့ ဂဏန်းလေလံဈေးများကို ဖော်ပြပေး လိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၂၁၂၁၇၆၀ ၂၂၅၆၀၀၀ ၁၃၄၂၄၀ ၆ ၂၉၈၀ ၃၂၀၀ ၂၂၀ ၇ကဏန်း (ဂရမ်)၂၅၀ဂရမ်အထက် ၂၄၂၀၈၀၀ ၂၂၂၀၇၅၀ ၂၀၀၀၅၀ ၉ ၃၄၀၀ ၃၁၅၀ ၂၅၀ ၈၂၀၀-၂၅၀ ဂရမ် ၂၂၇၈၄၀၀ ၂၀၇၉၇၅၀ ၁၉၈၆၅၀ ၁၀ ၃၂၀၀ ၂၉၅၀ ၂၅၀ ၈၁၅၀-၂၀၀ ဂရမ် ၂၁၃၆၀၀၀ ၁၉၃၈၇၅၀ ၁၉၇၂၅၀ ၁၀ ၃၀၀၀ ၂၇၅၀ ၂၅၀ ၉၁၀၀-၁၅၀ ဂရမ် ၂၇၄၁၂၀၁ ၁၈၃၃၀၀၀ ၉၀၈၂၀၀ ၅၀ ၃၈၅၀ ၂၆၀၀ ၁၂၅၀ ၄၈MIRT(DOBT)
Background