Main menu

Background

သြဂုတ်လအတွင်း ဗီယက်နမ် ပို့ကုန်များကျဆင်း

Mon, 09/05/2011 - 05:42 -- Anonymous (not verified)

သြဂုတ်လအတွင်း ဗီယက်နမ် ပို့ကုန်များကျဆင်း              ဘရာဇီးပြီးပါက ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူဖြစ်တဲ့ ဗီယက်နမ်ရဲ့ သင်္ဘောတင် ၄၉ ရာခိုင်နှုန်း ကျဆင်းပြီး သြဂုတ်လမှာ တန် ၄ သောင်းသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ သိုလှောင်မှုလည်းလျော့နည်းကြောင်း သိရပါတယ်။ ယခုနှစ် ပထမ (၈) လမှာတော့ ကော်ဖီတင်ပို့မှု ၉၅၈ဝဝဝ တန်ရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရပါတယ်။            ဗီယက်နမ်ဆန်ဝယ်လိုအားကတော့ တိုးလာြင်္ပီး ယခုနှစ်မှာ ဈေးကွက် အသစ်တွေရှိခဲ့တယ်လို့ ဗီယက်နမ်အစားအစာ အသင်းက ပြောကြားပါတယ်။ ယခုနှစ်မှာ ဆန်တန်ချိန် ၆ ဒသမ ၄ သန်းတင်ပို့ဖို့ စာချုပ်ချုပ်ဆိုထားပြီး ယခင်နှစ်အလားတူကာလထက် ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေအနေနဲ့ ယခုလက်ရှိမှာ ဆန်သိုလှောင်မှု ၁ ဒသမ ၃ သန်းရှိပြီး ပို့ကုန်စာချုပ် တွေအတွက် လုံလောက်မှုရှိကြောင်းသိရပါတယ်။ ဗီယက်နမ်က ယခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၄ သန်း တင်ပို့ဖို့ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေးနဲ့ကျေးလက် ဖွံ့ဖြိုးရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယခု သြဂုတ်လမှာရော်ဘာတင်ပို့မှုက တန်ချိန် ၈၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။            ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရော်ဘာပို့ ကုန်တင်ပို့မှုက ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး ၄၅၄ဝဝဝ တန်ရှိကြောင်းသိရပါတယ်။ ဗီယက်နမ်ရဲ့ ရောင်းလိုအားက ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အရွက်ရောဂါတစ်မိုျးကြောင့် ရော်ဘာ အစေးထုတ်လည်း နှောင့်နှေးခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC )  ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ ရော်ဘာတင်ပို့မှု တန်ချိန် ၈၃၄၅ဝဝ ရှိနိုင်ပြီး ယခင်နှစ်က ၇၈၂၂ဝဝ ရှိခဲ့ကြောင်းသတင်း ရရှိပါတယ်။ Source; Bloomberg .com,KZW