Main menu

Background

ပြောင်းသစ်ပေါ်စ နယ်စပ်မှ အဝယ်အေး

Mon, 09/05/2011 - 06:07 -- Anonymous (not verified)

ပြောင်းသစ်ပေါ်စ နယ်စပ်မှ အဝယ်အေး               သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့၇၅၇၈ တန်ကျော်နဲ့ကန်ဒေါ်လာ ဝ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ နံှစား ပြောင်း ၄ဝ၄ တန်အပို့ရှိခဲ့ပါတယ်။ ပြောင်းမှာ စတင်ပေါ်ပြီဖြစ်သော်လည်း စက်တင်ဘာလမှသာ လှိုင်လှိုင်ပေါ် မှာဖြစ်ပါတယ်။ လတ်တလောမှာ တစ်ဖက်နိုင်ငံ၌ ပြောင်းဈေးကျခြင်းနဲ့ ငွေဈေးကျခြင်းတို့ကြောင့် ပြောင်းတင်ပို့မ ှုလျော့နည်းနေတယ် လို့ သိရပါတယ်။ စက်တင်ဘာလ လှိုင်လှိုင်ပေါ်ချိန်နဲ့ ဈေးကွက်အခြေအနေကို ကြည့် ပြီး ပြောင်းတင်ပို့မှုများ ပြောင်းလဲလာနိုင်ဖွယ်ရှိပါတယ်။ သြဂုတ်လအတွင်း နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၄၁၁၅ဝ ကျော်ရှိပြီဖြစ်ပါတယ်။ ပြောင်းဖူးဈေးများ ဟာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ သိသိသာသာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်                                          မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု           ယခင်    ပြောင်းလဲမှု   %     ယခု    ယခင်    ပြောင်းလဲမှု  %ပြောင်းဖူးစေ့       ၁၉၅၈၉၅     ၁၉၅၈၉၅        -           -    ၂၇၄     ၂၆၇          ၇            ၃နံှစားပြောင်း      ၂၁၁၇၇ဝ     ၂၁၁၇၇ဝ         -           -     ၃၁၁     ၃၁၄          ၃            ၁MIRT (DOBT)