Main menu

Background

ပြောင်းထွက်ရှိမှု အလားအလာကောင်း

Mon, 09/05/2011 - 06:10 -- Anonymous (not verified)

ပြောင်းထွက်ရှိမှု အလားအလာကောင်း                တောင်အာဖရိကနိုင်ငံက ပြောင်းရိတ်သိမ်းချိန်ကာလအတွင်း နိုင်ငံရဲ့ အချို့ နေရာတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ရာသီ ပြောင်းထွက်ရှိမှု ခန့်မှန်းချက်မှာ လျော့နည်းခဲ့တယ်။ CEC က ယခင်က ပြောင်းထွက်ရှိမှုကို မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၈၅၄ သန်း ခန့်မှန်းထားရာမှ ယခု မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၆၇၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတယ်။                 အာဖရိကတိုက်ရဲ့ ပြောင်းအများဆုံးထုတ်လုပ်တဲ့ တောင်အာဖရိကနိုင်ငံက ၂ဝဝ၉-၂ဝ၁၁ ရာသီမှာ ပြောင်းမက်ထရစ်တန်ချိန် ၁၂ ဒသမ ၈၁၅ သန်း ရိတ်သိမ်းနိုင်ခဲ့ပြီး၊ ၎င်းပမာဏက ၁ဝ စုနှစ်ကာလ ၃ စုအတွင်း အများဆုံးဖြစ်ခဲ့တယ်။                  ရုရှားနိုင်ငံက ယခုနှစ်အတွင်း ပြောင်းတင်ပို့မှုကို ပြန်လည်ပြုလုပ်လိမ့်မှာဖြစ်ကြောင်း ရုရှားနိုင်ငံ ကောက်ပဲသီးနံှအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်မှာ ပြောင်းမက်ထရစ်တန်ချိန် ၅ ဒသမ ၈ သန်းမှ ၆ သန်း ထွက်ရှိလိမ့်မှာ ဖြစ်ပြီး စားသုံးမှုမှာ မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း ရှိလိမ့်မှာဖြစ်ကြောင်း၎င်းက ခန့်မှန်းထားတယ်။                    ရုရှားနိုင်ငံက ၂ဝဝ၈-၂ဝဝ၉ သီးနံှရာသီနှစ်မှာ ပြောင်းကို မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ယမန်နှစ်က ပြောင်းကို မက်ထရစ် တန်ချိန် ၁ သိန်းခန့်သာ တင်ပို့နိုင်ခဲ့တယ်။ ဂျပန်နိုင်ငံက (၂ဝ၁၁ ခုနှစ် ၊ အောက်တိုဘာလ- ဒီဇင်ဘာလ) အတွင်း တိရစ္ဆာန်အစားအစာ ပြောင်းတင်သွင်းမှု လိုအပ်ချက်ရဲ့ ၆ဝ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းရလိမ့်မှာဖြစ်တယ်။ ဂျပန် နိုင်ငံက ၃ လပတ်တိုင်း တိရစ္ဆာန်အစားအစာ ပြောင်းကို မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းတင်သွင်းနေရပြီး အမေရိကန်နိုင်ငံမှ အများဆုံး ဝယ်ယူလျက် ရှိပါတယ်။                     မြန်မာနိုင်ငံမှာ ပြောင်းကို မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလံျှတာတွေကို နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ သာမက ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပြည်ပဈေးကွက်တွေကို တင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြောင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားအစရှိတဲ့ နိုင်ငံတွေကို တင်ပို့လျက်ရှိရာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၁၂ဝဝ ကျော် ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄၄၈ဝဝ ကျော်နဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် (၂၆-၈-၂ဝ၁၁ ထိ) မှာ တန်ချိန် ၁၂၂၉ဝဝ ကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်မှာ ယမန်နှစ်တွေထက် ပိုမိုတိုးတက်နိုင်မဲ့ အလားအလာကောင်းတွေ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။                 ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အရည်အသွေးကောင်း ပြောင်းသီးနံှတွေကို ယခုထက် ပိုမိုတိုးတက် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း