Main menu

Background

ဗီယက်နမ်က ကားတင်သွင်းမှု မြင့်တက်

Mon, 09/05/2011 - 06:23 -- Anonymous (not verified)

ဗီယက်နမ်က ကားတင်သွင်းမှု မြင့်တက်               ဗီယက်နမ်နိုင်ငံက သြဂုတ်လအတွင်း ကားအစီးရေ ၄ဝဝဝ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၇၈ သန်ဖိုး တင်သွင်းခဲ့လို့ ယခုနှစ် ပထမ ရှစ်လ အတွင်း စုစုပေါင်းကားအစီးရေ ၄၂ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၈၂ သန်းဖိုးတင်သွင်းထားကြောင်း အထွေထွေစာရင်းအင်းရုံးမှ သိရှိရပါတယ်။ ၂ဝ၁ဝ ခုနှစ်နဲ့ယှဉ်ရင် တင်သွင်းမှုပမာဏ ၃ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ဖိုး အားဖြင့် ၃၂ ရာခိုင်နှုန်း တိုးတက်တယ်လို့ သိရပါတယ်။                  ဒါပေမယ့် သြဂုတ်လအတွင်း ဆိုင်ကယ်အစီးပေါင်း ၅ဝဝဝ ကန် ဒေါ်လာ ခုနစ်သန်းဖိုးတင်သွင်းခဲ့မှုဟာ ယခင်လထက် အစီးရေ ၁ဝဝဝ လျော့ကျတယ်လို့ သိရပါတယ်။ ယခုနှစ် ပထမ ၈ လအတွင်း ဆိုင်ကယ် ၄၉ဝဝဝ ကန်ဒေါ်လာ ၆၇ သန်းဖိုး တင်သွင်းပြီးဖြစ်လို့ ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ် ရင် ပမာဏအားဖြင့် ၂၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၁၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။                  ကားနဲ့ဆိုင်ကယ်အများစုကို ကိုရီးယား၊ တရုတ်ပြည်မ၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ အမေရိကန်နဲ့ ဂျာမဏီတို့က တင်သွင်းပါတယ်။ ပြည်တွင်းဝယ်ယူမှု အား ကျဆင်းခြင်းဟာ တင်သွင်းမှုကိုသာ ထိခိုက်ရုံမက ပြည်တွင်းထုတ်လုပ် မှုကိုပါ ထိခိုက်စေခဲ့ရာ ပြည်တွင်း ဆိုင်ကယ်ထုတ်လုပ်မှုများအနေနဲ့ ယခုနှစ် ပထမ ရှစ်လအတွင်း သိုလှောင်မှုညွှန်းကိန်းဟာ ၄ဝ ထိရှိလာခဲ့တယ်လို့ သိရပါတယ်။                    ဘဏ္ဍာရေးဝန်ကြီးဌာနမှ လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခဲ့တဲ့ ယာဉ်သုံးစွဲ မှု အခွန်စည်းမျဉ်းများက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ စည်းမျဉ်းအကြမ်းများ ရေးဆွဲနေတယ်လို့ သိရပါတယ်။ စည်းမျဉ်းအသစ်အရ နိုင်ငံတော်ကာကွယ်ရေးယာဉ်၊ စီးပွားရေးဇုန်သုံးယာဉ်နဲ့ အပန်းဖြေဧရိယာသုံး ကားတို့လို ယာဉ်အမျိုးအစားများကို အခွန်မှ ကင်းလွတ်ပေးသွားမယ်လို့ သိရပါတယ်။ ယခင်းးခင်၊Source:vov