Main menu

Background

မြို့သစ်မြေရောင်းပြီး မြို့တွင်းမြေပြန်ဝယ်တဲ့ မန်းမြေဈေးကွက်

Mon, 09/05/2011 - 06:31 -- Anonymous (not verified)

မြို့သစ်မြေရောင်းပြီး မြို့တွင်းမြေပြန်ဝယ်တဲ့ မန်းမြေဈေးကွက်                 လက်တလောတွင် မြေအရောင်း အဝယ်အေးသော်လည်း ကြိုက်ဈေး ဖြစ်ပါက အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ယခင်က မြို့တွင်းနေထိုင် သူများမှာ မြို့သစ်သို့ ပြောင်းရွှေ့ဝယ်ယူ မှုရှိခဲ့သော်လည်း ယခုအခါ မြို့သစ် အဓိကလမ်းမကြီးများ၊ ထောင့်အကွက် များမှာ ဈေးမြင့်တက်လာလို့ ပြန်ရောင်း ပြီး မြို့တွင်းသို့ ပြန်လည်ဝယ်ယူမှုရှိလာ ကြောင်းသိရပါတယ်။                  အိမ်ခြံမြေအကျိုးဆောင် ကိုလင်း က '' မြို့သစ်က အဓိကကျတဲ့လမ်းမ ကြီးတွေမှာ စီးပွားရေးလုပ်လို့လည်း ကောင်း၊ လမ်းလည်းကောင်းတော့ မြို့ထဲထက် ဈေးမြင့်တဲ့အတွက် တချို့ ပြန်ရောင်းပြီး မြို့ထဲပြန်ဝယ်ကြတယ်။ အဓိက လမ်းမကြီးတွေက ၆ လမ်း၊ သိပ္ပံလမ်း၊ မနော်ဟရီလမ်းမှာ ပေ ၄ဝx ပေ ၆ဝ တစ်ကွက်ကို သိန်း ၄ဝဝဝ ကနေ သိန်း ၁ဝဝဝဝ အထက်မှာရှိတဲ့ အတွက် ပြန်ရောင်းကြတယ်။ မြို့တွင်း မှာ အောင်တော်မူရပ်၊ နယူးစီပီလိုင်း၊ မဟာဇေယျာဘုံရပ်နဲ့ နန်းရှေ့ဘက်မှာ ပြန်ဝယ်ကြတယ်။ မြို့ထဲမှာ အရောင်း အဝယ်ဖြစ်နေတယ်။ မြို့သစ်က အရင် အရောင်းအဝယ်ကောင်းခဲ့တဲ့ ''လလ'' အကွက်တွေဆို အေးနေပြီ။ ''လလ'' အကွက်တွေက ဝယ်ရောင်းသမားလက် ထဲရောက်ကုန်တော့ ပြန်မထုတ်ကြ တော့ဘူးလို့ ပြောပါတယ်။                 မြေကွက်ဈေးနှုန်းများမှာ အောင် တော်မူရပ်တွင် ၆၂လမ်း ၂၇x၂၈ ကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ် သိန်း ၃ဝဝဝ၊ ၂၈x၂၉ လမ်းကြား ၂၃ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ်သိန်း ၂ဝဝဝ၊ ၂၉ လမ်းx၃ဝ လမ်းကြား ၄ဝ ပေx ၉ဝ ပေတစ်ကွက်လျင် RC  ၃ ထပ်ပါ ကျပ်သိန်း ၁၃ဝဝဝ ခေါ်ဈေး ရှိ၍ ၆၃ လမ်းမေးတင် ၂၆ နဲ့ လမ်း ၃ဝ အတွင်း ကျပ်သိန်း ၃ဝဝဝ ကျော်၊ လမ်းသွယ်ကျပ်သိန်း ၁၅ဝဝ နဲ့ ၂၅ဝဝ ကြားဈေးရှိကြောင်း သိရပါတယ်။ နယူး စီပီရပ်မှာ အောင်တော်မူရပ်နဲ့ ဈေးနှုန်းမကွာဘဲ ၃၂ လမ်းမေးတင် ၄ဝ ပေ x ၁ဝဝ ပေတစ်ကွက်လျင် သိန်း ၆ဝဝဝ ကျော်ရှိပါတယ်။ နန်းရှေ့အကွက်များမှာ ဈေးထက်ဝက် လျှော့၍ ၁၉ လမ်း မြောက်ဘက် ၆၂x ၆၄ လမ်းကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် သိန်း ၈ဝဝ ဝန်းကျင်ရှိ၍ ၁၉ လမ်းမေးတင် ၂ဝ ပေx ၆ဝပေ တစ်ကွက်လျင် ကျပ် သိန်း၂ဝဝဝ ကျော်ကာ ပေအကျယ် အဝန်းပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ မဟာဇေယျာဘုံရပ်မှာ အောင်တော်မူ ရပ်ထက်ဈေးနှုန်း သုံးပုံ တစ်ပုံလျော့နည်းကြောင်း သိရပါတယ်။ ဇူးဇူး