Main menu

Background

ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ

Fri, 09/23/2011 - 06:40 -- Anonymous (not verified)

ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ                                ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၉၀၀၀ ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ  ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀၀၀ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် က ကွန်တိန် နာငှားရမ်းမှုအခက်အခဲနဲ့ ငှားရမ်းခဈေးနှုန်းကြီးမှုတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ရာ မှ ယခု တစ်ပတ်မှာ ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ စက်တင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၄၅၀၀၀ ကျော်ထိ ရှိလာလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၇၀၀၀ ခန့်ထက် တန်ချိန် တစ်သိန်းကျော်ပိုတင်လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MIRT- MAPT