Main menu

Background

ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ

Fri, 09/23/2011 - 06:54 -- Anonymous (not verified)

ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၇၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါတယ်။ သင်္ဘောတင် ကွန်တိန်နာ ငှားရမ်းခ ဈေးကြီးမြင့်ပေမဲ့ အိန္ဒိယဝယ်လက်တွေ ပဲစင်းငုံကို အဝယ်ရှိနေတယ်လို့ သိရပါတယ်။                          ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာလို့ အခြား FOB ဈေးများမြင့် လာပေမဲ့ ပဲစင်းငုံဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၁၆ ရက်မှာလည်း ယခင်တစ်ပတ် ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ငုံနီ (အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိကြောင်း သိရပါတယ်။         MIRT- MAPT