အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာ ယခုတစ်ပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေးနှုန်း ဆက်လက်ခိုင်မာနေပါတယ်။ အဓိကတော့ နိုင်ငံအတွင်း ပဲတီစိမ်းစိုက် ဧရိယာကျဆင်းခြင်းကြောင့် ဈေးခိုင်မာနေတာဖြစ်ပါတယ်။ ဈေးကွက်တွေထဲ ပဲအသစ် စတင်ဝင်လာနေပြီဖြစ်ပေမဲ့ မိုးရွာသွန်း နေ ခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနေသလို အစိုဓာတ်များခြင်းကြောင့် ပဲဈေးများ လျှော့ရောင်းရတယ်လို့ သိရပါတယ်။ ကာလတိုအတွင်းမှာလည်း ပဲတီစိမ်းဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ တစ်ပတ်အတွင်းဖြစ်ပေါ် တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၁၅-၉-၁၁ ၁၄-၉-၁၁ ၁၃-၉-၁၁ ၁၂-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၉၆၂ ၉၄၁ ၉၅၅ ၉၅၈ဒေလီ ၇၁၁-၉၄၁ ၆၉၀-၉၂၀ ၇၀၁-၉၃၄ ၇၂၄-၉၅၈အာကိုလာ ၇၇၃-၉၈၂ ၇၃၂-၉၈၃ ၆၃၇-၉၅၅ ၇၄၅-၉၅၈MIRT(MAPT)
Background