Main menu

Background

ပြည်ပဲတီစိမ်းဈေးကွက် မျိုးပဲများအရောင်းအဝယ်ဖြစ်

Fri, 09/23/2011 - 07:19 -- Anonymous (not verified)

ပြည်ပဲတီစိမ်းဈေးကွက် မျိုးပဲများအရောင်းအဝယ်ဖြစ်                    ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊ အလတ်စမှာ တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စ အမျိုးအစားမှာတစ်တင်း ၁၈၀၀၀ကျပ်ဖြင့်မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမား များမှလည်း နေ့စဉ် အဝင်မရှိဘဲ အရောင်းအဝယ်ဖြစ်တဲ့ ရက်မှာ တစ်ရက် အိတ် ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း