Main menu

Background

ပစ္စည်းကောင်းမှ ဈေးကောင်းရမှာဖြစ်လို့ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတဲ့ နနွင်းစိုက်တောင်သူ

Fri, 09/23/2011 - 07:38 -- Anonymous (not verified)

ပစ္စည်းကောင်းမှ ဈေးကောင်းရမှာဖြစ်လို့ မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးတဲ့ နနွင်းစိုက်တောင်သူ                 ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ဝင်သီးနှံဖြစ်တဲ့ နနွင်းကိုဟိုပုံးမြို့နယ်တွေမှာတော့ မနှစ်ကလိုပဲ စိုက်ပေမယ့် နနွင်း အထွက်များတဲ့ ပင်လောင်း၊ ကလောစတဲ့မြို့နယ်တွေမှာတော့ အစိုက်နည်းတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက ဈေးကောင်း ရခဲ့တာကြောင့် အမြန်ပြန်စိုက်ပြီး ရရာတွေစိုက်ပေမယ့် ဒီနှစ်တော့ အရည်အသွေးမကောင်းရင် ဈေးကွက်မဝင်တာကို သိလာ ရလို့၊ မျိုးကောင်းမျိုးသန့်တွေကိုသာရွေးပြီး စိုက်လာကြပါတယ်။ ဒီနှစ်က နနွင်းဝယ်လက်တွေဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး နိုင်ငံတွေမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဝယ်ယူမှုမရှိလို့ ရောင်းအားကျဆင်းခဲ့ပါတယ်။ ပြည်တွင်းသုံး အတွက် သာအရောင်းအဝယ်ဖြစ်နေပြီး၊ တောင်ငူ၊ မုံရွာ၊ နေပြည်တော်၊ ပြည်စတဲ့ဈေးပတ်သမားတွေက အမှုန့်ကြိတ်ဖို့အတွက် ဝယ်ယူ နေကြတာဖြစ်ပါတယ်။    ဒီတစ်ပတ်တော့ နနွင်းတက်ဈေးက အရင်တစ်ပတ်ကထက် ဈေးအနည်းငယ်တက်လာပါတယ်။ ပင်လောင်း နနွင်းစတွေကတစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိလာပြီး၊ အောင်ပန်းနနွင်းကတော့ ၈၀၀ ကျပ် - ၁၂၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကိုတော့ အရောင်တင်ဆီအဖြစ် အသုံးပြုဖို့ဝယ်ယူနေပြီး တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်း ကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်