Main menu

Background

လက်ကျန်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် အိန္ဒိယနနွင်းဈေးထပ်မံကျဆင်းနိုင်

Fri, 09/23/2011 - 07:40 -- Anonymous (not verified)

လက်ကျန်များပြီး ဝယ်လိုအားနည်းခြင်းကြောင့် အိန္ဒိယနနွင်းဈေးထပ်မံကျဆင်းနိုင်                 အိန္ဒိယဈေးကွက်တွေမှာ လက်ကျန်များခြင်း၊ ဝယ်လိုအားနည်းခြင်းအပြင် နနွင်းထုတ်လုပ်ရာဒေသတွေမှာ နနွင်းပိုမို ထွက်ရှိမယ့် မျှော်လင့်ချက်များအရ နနွင်းကြိုပွိုင့်များ ဆက်လက်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးနှုန်းက အရမ်းနိမ့်ကျနေပြီဖြစ်လို့ အကျဘက်ကိုဆင်းနေတာ ကန့်သတ်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်။နနွင်းဈေးနှုန်းက ဝယ်လိုအားပေါ်မူတည်ပြီး လာမယ့်ရက်တွေမှာ ကျဆင်းမှုရပ်တန့်နိုင်ဖွယ်ရှိတယ် လို့လည်း ခန့်မှန်းထားပါတယ်။                လက်ရှိလက်ကျန်နနွင်းအိတ်ပေါင်း ၄၂ သိန်း ဝန်းကျင်ရှိပြီး လှောင်လက်တွေက ဈေးအမြင့်မှာရောင်းချဖို့ မျှော်လင့်နေပါ တယ်။ လက်ရှိလက်ကျန်ဟာ ယခင်နှစ်ကာလတူထက် ၂၀ ရာခိုင်နှုန်း ပိုမိုနေပါတယ်။ ဒါ့အပြင် အင်ဒရာပရာဒေ့ရှ်နဲ့ အခြား နီးစပ်ရာပြည်နယ်တွေမှာ နနွင်းစိုက်ပျိုးမှုတိုးတက်နေခြင်းတို့ကလည်း ဈေးနှုန်းကို ကျဆင်းစေပါတယ်။ အတ္တရာအရာဒေ့ရှ်ကို နနွင်းဝင်ရောက်မှု တိုးတက်နေတယ်လို့သိရပါတယ်။   နနွင်းစိုက်ပျိုးမှုဟာ လက်ရှိဈေးနှုန်းပေါ်မူတည်နေပြီး အကယ်လို့ ဈေးဆက်လက်ကျဆင်းဦး မယ်ဆိုရင် တောင်သူများ  ငွေပိုရတဲ့ဝါ၊ ပဲပုပ်တို့လိုသီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ဧကလျော့ကျနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်း ထားပါတယ်။ နနွင်းစိုက်ပျိုးတဲ့ကာလဟာ ဇွန်လမှသြဂုတ်လဖြစ်ပြီး၊ ရိတ်သိမ်းမှုကို ဇန်နဝါရီမှာစတင်ပါ တယ်။                  ပြည်ပတင်ပို့မှုနည်းနေဆဲဖြစ်ပြီး၊ လာမယ့်သီတင်းပတ်များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်တို့က အဝယ်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂၀၁၁ ခုနှစ် ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုတန်ချိန် ၂၁၇၇၅ ရှိပြီး၊၂၀၁၀ ကာလတူမှာ တန်ချိန် ၁၅၀၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် ၊Source: commodityonline