Main menu

Background

ဂရိကြွေးမြီပြဿနာကြောင့ ် ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့်ဆုံးဖြစ်လာ

Fri, 09/23/2011 - 08:10 -- Anonymous (not verified)

ဂရိကြွေးမြီပြဿနာကြောင့ ် ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့်ဆုံးဖြစ်လာ                စက်တင်ဘာ ၁၂ ရက်မှာ ကန်ဒေါ်လာ အညွှန်းကိန်းက တတိယ မြောက်နေ့အဖြစ် မြင့်မားလာပြီး ၆ လကျော်ကာလအတွင်း ကာလအရှည် ကြာဆုံးအဖြစ် တန်ဖိုးမြင့်မားခြင်းဖြစ် တယ်လု့ိ သိရတယ်။ ရင်းနှီးမြှုပ်နှံ သူတွေက လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုတွေကိုဝယ်ယူကြပြီးကန်ဒေါ်လာ တန်ဖိုးက ကုန်သွယ်ဖက်နိုင်ငံ ၆ နိုင်ငံရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးမြင့်မား လာတယ်လို့ သိရတယ်။ ဂျပန်ယန်း ကလည်း ၎င်းင်းရဲ့လဲလှယ်ဖက် ငွေကြေး ၁၆ မျိုးနဲ့လဲလှယ်ရာမှာ တန်ဖိုးမြင့်လာ တယ်လို့ သိရတယ်။ ယူရိုငွေက ယန်း ငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးကျဆင်းသွား ရာ ၂၀၀၁ နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာ တယ်လို့ သိရတယ်။                         ဂျာမနီဝန်ကြီးချုပ် Angela Markel က ဂရိကြွေးမြီကို ပေးဆပ်ပေး ခြင်းမရှိဘဲ ဆက်လက်ထားရှိဖို့ ပြင်ဆင် နေရာ ယူရိုငွေကို ဝယ်လိုအားနည်းလာ တယ်လို့ သိရတယ်။ စက်တင်ဘာလ ၁၂ ရက် နိုင်ငံတကာ ငွေလဲနှုန်းတွေ အရ ယူရိုငွေက ဂျပန်ယန်းနဲ့ လဲလှယ် ရာမှာ တစ်ယူရိုကို ၁ ဒသမ ၅ ရာခိုင် နှုန်းကျဆင်းကာ ၁၀၄ ဒသမ ၄၂ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ (စက်တင်ဘာလ ၉ ရက် ဈေးနှုန်းမှာ တစ်ယူရိုကို ၁၀၅ ဒသမ ၉၉ ယန်းဖြစ်တယ်။) ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တစ် ယူရိုကို ၁ ဒသမ ၃၄၉၅ ဒေါ်လာအထိ ကျဆင်းသွားရာ ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့် ဆုံးဖြစ်လာတယ်လို့ သိရပါတယ်။ Source:Bloomberg.comပပ