ဘိလပ်မြေတံဆိပ်မျိုးစုံ အဝင်များ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၀၇၃၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၂၁၉၃၁ တန်၊ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀၊MOUNTAIN တံဆိပ် ဘိလပ်မြေ တန်ချိန် ၅၇၀၀ တန်နဲ့ စင်ကာပူနိုင်ငံမှ ANCHOR တံဆိပ် ဘိလပ်မြေတန်ချိန် ၆၁၀၀ အသီးသီး မှာယူ တင်သွင်းခဲ့ပါတယ်၊၊ ယခင်သီတင်းပတ် တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ရာ ဒီသီတင်းပတ် ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် ၃ ဆနီးပါး လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ဘိလပ်မြေ နယ်စပ်မှတင်သွင်းမှု အနည်းငယ်လျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မြိတ်၊ တာချီလိတ်နဲ့ မောင်တောနယ် စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၁သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၃၆၂ တန်ကျော် တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မြိတ် နယ်စပ်မှ ၆၃၂ တန်ကျော်၊ မောင်တောမှ ၅၈ တန်နဲ့ တာချီလိတ်မှ ၆၇၂ တန် အသီးသီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀(လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၉၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၁၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၂၀၀ ၄၀၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၄၉၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၅၀၀တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၅၀၀ ၅၅၀၀တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၀၀၀ ၆၅၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂၅၀ ၅၁၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၆၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၀၀ ၄၉၅၀မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄၅၀ ၆၄၅၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၃၀၀ ၅၃၀၀ MIRT (MAPT)
Background