တန်ချိန် ၅၇၀ ကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၅၇၂ ဒသမ ၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈၄၂၀ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာတော့ DAWN တံဆိပ် နို့ဆီ ၂၂၈ ဒသမ ၃၈ တန်နဲ့ OK တံဆိပ် နို့ဆီ ၃၄၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၆၁၂ တန်ကျော် တင်သွင်းခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာ ၅၇၂ တန်ကျော်သာ တင်သွင်း နိုင်တာကြောင့် ဒီသီတင်းပတ်မှာ တန်ချိန် ၄၀ လောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီသီတင်းပတ်မှာ မလေးရှားနိုင်ငံမှ ၆ ဒသမ ၇၂တန်၊ ဗီယက်နမ် နိုင်ငံ မှ ဒသမ၂၄၆ တန်၊ ဖိလစ်ပိုင်နိုင်ငံ မှ ၂ ဒသမ ၈၉ တန်၊ နယူးဇီလန်မှ ၉၉ ဒသမ ၆၀ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ၂၁ ဒသမ ၇၆ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ် ၅၇ တန်ကျော်သာတင်သွင်းခဲ့ပြီး ဒီတစ် ပတ်မှာတော့ တန်ချိန် တစ်ရာ့သုံးဆယ် ကျော်တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ် ပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ခုနှစ် ဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းသာ အသွင်းရှိ ယခုအပတ် ကော့သောင်းနယ်စပ် မှ ကန်ဒေါ်လာ ၃၂၇၅၀တန်ဖိုးရှိ နို့ဆီ တန် ၄၀ (၂၁၀၀သေတ္တာ)နဲ့ ကန် ဒေါ်လာ ၄၈၇၅၀ တန်ဖိုးရှိ နို့စိမ်း ၅၁ တန် (၂၇၀၀ သေတ္တာ) အသွင်းရှိခဲ့ပါ တယ်။ ယခုအပတ် မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅ဟက်ပီးကောင်း(နို့ဆီ) ၆၀၀ -MIRT (DOT)
Background
