နှမ်းရောင်စုံတန် ၄၀၀၀ ကျော် မူဆယ်မှ အပို့ရှိ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၅ ဒသမ ၃၉ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၄၁၁၉ တန်ကျော်ကို စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ အာဆီယံကုန်တင်ယာဉ် တန်ချိန် သတ်မှတ်မှုအရ တန်ပိုတင်ဆောင်ခြင်းကို ကြပ်မတ်နေသဖြင့် သယ်ယူစရိတ်များတက်နေ တာကြောင့် ကုန်တက်များ လျော့ကျနေတယ်လို့သိရပါတယ်။ မိမိဘက်မှာ နှမ်းဖြူရော နှမ်းနက်ပါမြေပြင်ဈေးများ ယခင်အပတ် ကထက် လျော့ကျနေပြီး တစ်ဘက်နိုင်ငံမှာတော့ နှမ်းဖြူဈေးတက်နေပြီး နှမ်းနက်ဈေး ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ရ ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၈၅၃၀၀၀ ၈၆၃၀၀၀ ၁၀၀၀၀ ၁ ၁၂၀၆ ၁၁၇၅ ၃၁ ၃နှမ်းနက် ၁၀၂၉၇၈၉ ၁၀၄၄၇၈၉ ၁၅၀၀၀ ၁ ၁၄၁၀ ၁၄၁၀ - -MIRT (DOBT)
Background