မတ်ပဲကို အိတ်စပို့အဆွဲသွက်လို့ ဈေးမြောက်
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၅၅၀၀၀ ၆၀၈၀၀၀၂ မုံရွာ ၁ ပိဿာ ၈၂၅ ၉၀၀၃ ပြည် ၁ ပိဿာ ၈၅၀ ၈၇၅၄ ဟင်္သာတ ၁ ပိဿာ ၈၄၀ ၉၁၅၅ မန္တလေး ၁ ပိဿာ ၈၀၀ ၈၆၇မတ်ပဲကို အိတ်စပို့အဆွဲသွက်လို့ ဈေးမြောက် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ ဝယ်လက်တွေက အဆွဲသွက်လာသလို ဈေးပေးပြီး အဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်တက်လာပြီး တစ်တန်ကို ၅၇၀၅၀၀ ကျပ်မှ ၆၀၈၀၀၀ ကျပ်အတွင်း တန် ၇၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဒီတစ်ပတ် ရန်ကုန်ဈေး ကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုးဈေးမြင့်လာသလို အိန္ဒိယကလည်း အဆွဲများလာတာကြောင့် ပဲဈေးတွေ သိသာစွာ မြင့်တက်ကာ အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ပိုများလာတယ်” လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်အဆွဲအနည်းငယ်သာရှိပြီး ဒေသတွင်းစက်သမားများက ပုံမှန်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆၇ ကျပ်(တစ်တန်ကို ၅၃၀၉၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန် ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ဟင်္သာတဈေးကွက်မှာ မတ်ပဲဈေးက ယခင်အပတ်က တစ်ပိဿာ ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ တစ်ပိဿာကို ၉၁၅ ကျပ်(တစ်တန်ကို ၅၆၀၃၃၆ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုပိုများလာသလို ဈေးနှုန်းလည်း ပိုမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်သို့ မတ်ပဲဝင်ရောက်မှုနည်းလာသော်လည်း လက်ကျန်ပဲ များကိုသာ ရန်ကုန်အဆွဲပိုများလာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦး က ဆိုပါတယ်။
