ကုလားပဲဖြူလုံးကြီး အိတ်စပို့ အဆွဲသွက်လို့ ဈေးမြောက်

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ      ယခင်      ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ ပိဿာ      ၁၂၇၃    ၁၄၀၄၂ မန္တလေး            ၁ ပိဿာ       ၁၂၄၀    ၁၄၆၇၃ မုံရွာ                 ၁ ပိဿာ       ၁၂၄၂    ၁၄၅၀၄ ပခုက္ကူ              ၁ ပိဿာ       ၁၂၃၆    ၁၄၆၀၅ မြင်းခြံ              ၁ ပိဿာ        ၁၁၈၀    ၁၃၀၀ကုလားပဲဖြူလုံးကြီး အိတ်စပို့ အဆွဲသွက်လို့ ဈေးမြောက်                   ဘုရင့်နောင် ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး(RC)ကို အိတ်စပို့ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၈၆၀၀၀၀ ကျပ်နဲ့ တန် ၁၁၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲအားကောင်းနေသလို ရောင်းလက်များကလည်း ဝယ်ဈေးကို ကြိုက်နှစ် သက်လို့ အရောင်းများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိ သာစွာမြင့်လာပြီး တစ်ပိဿာကို ၁၄၆၇ ကျပ်(တစ်တန်ကို ၈၉၈၃၇၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒီနှစ်မှာ တောင်သူရော ကုန်သည်ပါ ကုလားပဲဖြူလုံးကြီးနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ဖြစ်ထွန်းနေတယ်လိ့ု ပဲခွဲစက်လုပ်ငန်း ရှင်တစ်ဦးကဆိုပါတယ်။                               ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အပြင် မျိုးအဖြစ်ပြန် လည်စိုက်ပျိုးမဲ့သူတွေပါ ဝယ်အားများလာတာကြောင့် လက်ရှိဈေးနဲ့ ဆိုရင် ပဲခွဲစက်လုပ်ငန်းရှင်များ နောက်ဆုတ်နေရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးကို ရန်ကုန်အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၅၀ ကျပ်(တစ်တန်ကို ၈၈၇၉၆၅ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှုများလာတယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူ လုံးကြီးကို ရန်ကုန်အပြင် မန္တလေးပါ အဆွဲများလာသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်မှုအများဆုံးပဲလို့ ဆိုရမှာပါလို့ မြို့ခံပဲ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးကို ရန်ကုန်ဝယ်လက်က ယခင်အပတ်နဲ့စာရင် ဝယ်အားပိုများ လာတာကြောင့် ဈေးတွေမြောက်နေတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၄၆၀ ကျပ်(တစ်တန်ကို ၈၉၄၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။