ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၉၉၆ ၁၀၇၆၂ မကွေး ၁ ပိဿာ ၉၅၀ ၁၀၂၆၃ ပခုက္ကူ ၁ ပိဿာ ၉၇၃ ၁၀၂၆၄ မုံရွာ ၁ ပိဿာ ၉၇၄ ၁၀၅၃၅ အောင်လံ ၁ ပိဿာ ၉၂၅ ၁၀၀၀၆ မြင်းခြံ ၁ ပိဿာ ၉၂၅ ၁၀၅၀၇ ပြည် ၁ ပိဿာ ၉၀၀ ၁၀၁၅ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များအပြင် အတွက်ပြန်လည်ဝယ်ယူသူများပါ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၀၇၆ ကျပ် (တစ်တန်ကို ၆၅၈၉၃၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများလာတယ် လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံစက်သမား များနဲ့ အမှုန့်ကြိတ်စက်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ့ ာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။အောင်လံဈေးကွက်မှာ ကုလားပဲ ကိုပဲခွဲစက်သမားများက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အား များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၀၀ကျပ် (တစ်တန် ကို ၆၁၂၃၉၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့ တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက် သမားနဲ့ ဒေသတွင်း အမှုန့်ကြိတ်စက်များက အရောင်းအဝယ်အား ဖြင့် ကြိုက်ဈေးအပေါ်မူတည်ပြီး တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံစက်သမားတစ်ဦးက ဆိုပါတယ်။
