Main menu

Background

ပဲစင်းငုံနီ

Fri, 09/23/2011 - 10:43 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ       ယခင်       ယခု    ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ တန်      ၄၃၇၀၀၀    ၄၇၈၀၀၀၂ မန္တလေး              ၁ ပိဿာ       ၆၅၀         ၇၀၅၃ မုံရွာ                   ၁ ပိဿာ       ၆၅၅         ၇၀၅၄ ပြည်                  ၁ ပိဿာ        ၆၅၅         ၇၀၀၅ ပခုက္ကူ                ၁ ပိဿာ        ၆၆၅        ၇၀၅၆ မြင်းခြံ                ၁ ပိဿာ         ၆၅၀        ၇၀၀၇ အောင်လံ            ၁ ပိဿာ         ၆၆၅        ၇၀၀၈ မကွေး                ၁ ပိဿာ          ၆၅၀       ၇၁၀ပြည်ပအဆွဲကောင်းလို့ ပဲစင်းငုံဈေးစွာ               ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို ပြည်ပအဆွဲ ပြန်သွက်လာသလို ရောင်းလက်များကလည်း အဆိုပါ ဈေးနဲ့ အရောင်းများခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၄၃၉၀၀၀ ကျပ်မှ ၄၇၈၀၀၀ ကျပ်အတွင်း တန် ၃၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ဒေါ်လာဈေးပြန်မြင့်လာတာရယ်၊ အိန္ဒိယကလည်း အဆွဲပြန်လိုက် လာတာရယ်အပေါ် မူတည်ပြီး အဆွဲများလာတာကြောင့် ယခုလို ဈေးတွေမြင့်လာရတယ်လို့ ပဲကုန်သည်တစ်ချို့က ဆိုပါတယ်။မန္တလေး ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်လာသလို လှောင်လက် ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၇၀၅ ကျပ်(တစ်တန်ကို ၄၃၁၇၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ မှ ၃၀၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၀၅ ကျပ်(တစ်တန်ကို ၄၃၁၇၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အဝယ်သွက်လာ သလို ငွေပြန်ပေါ်လိုတဲ့ ကုန်သည်များကလည်း အရောင်းများလာ တာကြောင့် ဈေးကွက်မှာအရောင်းအဝယ် ပိုသွက်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၀၅ ကျပ် (တစ်တန်ကို ၇၃၁၇၃၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၃၀၀ မှ ၅၀၀ ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၇၁၀ ကျပ် (တစ်တန်ကို ၄၃၄၇၉၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများလာတယ် လို့ ဆိုပါတယ်။