ပြောင်း

ပြောင်းစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ    ယခင်      ယခု    ပြောင်းလဲမှု၁ တောင်ကြီး             ၁ ပိဿာ     ၂၇၀      ၂၈၅၂ လားရှိုး                  ၁ ပိဿာ     ၂၉၀      ၃၀၀၃ မူဆယ်                  ၁ တန်     ၂၀၀၈၅၀  ၂၁၂၁၅၆၄ မန္တလေး                ၁ ပိဿာ      ၃၀၆     ၃၀၆၅ မြင်းခြံ                   ၁ ပိဿာ     ၂၉၇      ၃၀၀၆ ဟင်္သာတ               ၁ ပိဿာ     ၂၆၅     ၂၆၅ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သူများ ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ်မြင့်လာ                  တောင်ကြီးဈေးကွက်မှာ ပြောင်း(အသစ်)တွေ ဝင်ရောက်လာပေမယ့် အစိုဓာတ်အနည်းငယ်ရှိသေးတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ဆိုပါတယ်။ အဓိက အရောင်းအဝယ်ဖြစ်တာက လက်ကျန်ပြောင်းဖြစ်ပြီး ဝယ်လက်ကတော့ ရန်ကုန်-မန္တလေးဝယ် လက်နဲ့ ဒေသတွင်း အစာစပ်သမားများဖြစ်ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၈၇၀၀၀ ခန့်ဖြစ်ခဲ့ပေမယ့် ရောင်းလက်များထံမှာ ပစ္စည်းလက်ကျန်နည်းသွားပြီလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၀၆ ကျပ်နဲ့ တစ်ရာကို အိတ် ၁၅၀၀ ခန့်ရှိခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ် ဝယ်လက်က တရုတ်ယွမ်ငွေဈေးမြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ တယ်လို့ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်း(ဟောင်း) က ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ဈေးကွက်သို့ ပြောင်းသစ်များ အဝင်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်က ပြောင်းသစ်ကို အရည် အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည်တချို့က ဆိုပါတယ်။